Tuesday, January 4, 2011

ရသေ့တောင်မြို့နယ်မှ အသက် ၁၇ နှစ် အရွယ် မိန်းခလေး နှစ်ဦး ပြန်ပေးဆွဲခံရပြီး ဗလက္ကာရ ပြုကျင့်ခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကိုးတန်ကောက်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းခလေး နှစ်ဦးမှာ မူဆလင် ကုလားများ၏ ပြန်ပေးဆွဲခံရပြီးနောက် ဗလက္ကာရ ပြုကျင်ခံရကြောင်း သတင်း ရရှိသည်။

ဗလက်ကာရ ပြုကျင့်ခံရသူ အမျိုးသမီးငယ် နှစ်ဦးမှာ ရသေ့တောင်မြို့နယ် တောင်ပိုင်း မေယူကမ်းတွင် တည်ရှိသော ကိုးတန်ကောက်ကျေးရွာမှ (ဘ) ဦးမောင်ကျော်ခိုင်သမီး ------------- ( ၁၇ နှစ်) နှင့် (ဘ) ဦးကျော်တင်မောင် သမီး ------------ (၁၇ နှစ်) တို့ဖြစ်ကြသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မြင်းလွတ် နစက စခန်းမှ အရာရှိတစ်ဦးက ပြောကြားရာတွင် ဒီဇင်္ဘာလ ၁၉ ရက်နေ့က အဆိုပါ အမျိုးသမီးငယ် နှစ်ဦးမှာ အငုံမော် ကုန်တန်းကျေးရွာမှ သူမတို့နေထိုင်ရာ ကျေးရွာ ကိုးတန်ကောက်သို့ စပါးထည့်ရန် အိတ်ခွံများ ၀ယ်ယူ၍ လာစဉ် လမ်းတွင် ပြန်ပေးဆွဲခေါ် ခံရကြောင်း ပြောကြားသည်။

၎င်းပြင် အဆိုပါ နစက အရာရှိက “ ဒီအမူမှာ အဓိက တရားခံတွေ ဖြစ်ကြတဲ့ အာဘူယူနော့ ကျောက်ပန်းတူ ရယက အဖွဲ့ဝင်နဲ့ ကျန် ကျောက်ပန်းတူရွာက နုရ်အာလောင်နဲ့ ချုပ်ကူ သုံးဦးကို ဖမ်းဆီးထားပါတယ်။ အမူနဲ့ ပတ်သက်ပြီး စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ဦးကတော့ လွတ်နေပါတယ်။ တရားခံတွေ အကုန်လုံးက မောင်တောမြို့နယ် ကျောက်ပန်းတူ ကျေးရွာက ဖြစ်ကြပါတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးငယ် နှစ်ဦှးမှာ ပြန်ပေးဆွဲခံရပြီး ၉ ရက်ခန့် အကြာ ဒီဇင်္ဘာလ ၂၉ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော် တိုက်နယ်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင့် ဒေသခံများက ပြောသည်။

“ သူတို့ရဲ့ အမိအဖတွေနဲ့ အတူ ဆေးလာစစ်ကြပါတယ်။ မိန်ခလေးတွေက ငယ်ငယ်လေးဘဲ ရှိသေးပါတယ်။ ဆရာဝန်က ဘာပြောတယ်ဆိုတာတော့ ကျနော်တို့လည်း တိတိကျကျ မသိရသေးပါဘူး။ သူတို့က ရသေ့တောင်မြို့နယ်က ဖြစ်တဲ့ အတွက် သူမတို့ကို ဗလက္ကာရပြုကျင့်ခံရတဲ့ အချိန်က ၀တ်ထားတဲ့ အ၀တ်အစားတွေကို ရသေ့တောင်မြို့နယ်နဲ့ သက်ဆိုင်တဲ့အတွက် ရသေ့တောင်မှာ ဆက်လက် စစ်ဆေးဖို့ ညွန်ကြားတယ်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး နိရဉ္စရာက ဆက်လက် စုံးစမ်းမေးမြန်းရာ ကိုးတန်ကောက်ကျေးရွာမှာ ရသေ့တောင်မြို့နယ်တွင် တည်ရှိသော်လည်း မောင်တောမြို့ နယ်တောင်ပိုင်းနှင့် ဆက်စပ် တည်ရှိသော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့က အဆိုပါ အမျိုးသမီးငယ် နှစ်ဦးမှာ အငုံမော်ကုန်တန်းမှ ညနေ ၄ နာရီတွင် စပါးထည့်ရန် စပါးခွံအိတ်များ ၀ယ်၍ ရွာသို့ ပြန်အလာ အငုံမော်ကုန်တန်းမှ မော်တော်ဆိုင်ကယ် ၅ စီးဖြင့် သူတို့နေထိုင်ရာ ကျောက်ပန်းတူ ပြန်လာသော မူဆလင် ၉ ဦးမှ လမ်းကြုံသဖြင့် လိုက်ပါရန် ခေါ်ဆောင်၍ အမျိုးသမီးငယ် နှစ်ဦးမှ ဆိုင်ကယ်တစီး၏ နောက်တွင် တက်၍ လိုက်ပါလာရာ နေ၀င်ရီ တရိုးအချိန်တွင် သူမတို့ နေထိုင်ရာ ကိုးတန်ကောက်ကျေးရွာသို့ ရောက်ရှိကြောင်း၊ သို့သော်လည်း ဆိုင်ကယ်မောင်းသူ ရယက အဖွဲ့ဝင် အာဘူယူနော့မှ ဆိုင်ကယ်ကို မရပ်နားဘဲ အမြန်မောင်းချသွားရာ နေ၀င်ချိန်တွင် ကျောက်ပန်းတူ ကျေးရွာနားသို့ ရောက်ရှိပြီး အနီးအနားက တောအုပ်တစ်ခုကို ဆိုင်ကယ်ကို မောင်းချသွားကာ တခြားဆိုင်ကယ် တစီးမှ မူဆလင် နှစ်ဦးပေါင်း သုံးဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သိရသည်။ ဆိုင်ကယ်ဖြင့်လာသူ ကိုးဦးထဲတွင် ၆ ဦးမှာ တစုံတရာ စော်ကားရာတွင် မပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ် နှစ်ဦးအား ၂ရက်တိုင် ဗလက္ကာရပြုကျင့်ပြီး နောက်ပိုင်းတွင် မေယူတောင်ကို ကျော်ပြီး ရသေ့တောင်မြို့နယ် အတွင်းပို့ပေးခဲ့သည်ဟု သိရသည်။ အဆိုပါ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် အခင်း ဖြစ်ပွားရာတွင် ပါဝင်သူ နုရ်အာလောင်မှ အဆိုပါ ဖြစ်စဉ်ကို ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း ဗလက္ကာရ ပြုကျင့်ရာတွင် သူအနေနှင့် မပါဝင်ကြောင်း ပြောကြားသည်ဟု သိရသည်။

သို့သော်လည်း အခင်း ဖြစ်ပွားရာတွင် ပါဝင်သူ သုံးဦးစလုံးကို ဖမ်းဆီးထားပြီး ကျန်လူများမှာ လွတ်မြောက် နေဆဲ ဖြစ်ကြောင်း သိရသည်။ အဘူယော့နော့မှာ ကျေးရွာ ရယက လူကြီး ဖြစ်ပြီး သူကို ယုံကြည်၍ ဆိုင်ကယ် နောက်မှ လိုက်ပါလာရာမှ အမျိုးသမီးငယ် နှစ်ဦးမှာ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း သိရသည်။

No comments: