Saturday, January 15, 2011

ချင်းလဲန်အမျိုးသမီးများအဖွဲ့ချုပ်ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကျင်းပ

khonumthung

အိန္ဒိယ မြန်မာနယ်စပ်အခြေစိုက် ချင်းလဲန်အမျိုးသမီးများအဖွဲ့ချုပ် (ဒဗလျူအယ်လ်စီ) ၏ အရေးပေါ် ထိပ်သီး အစည်း အ ဝေးကို ဇန္န၀ါရီလ ၁၃ မှ ၁၄ ရက်နေ့အထိ ကျင်းပကြသည်ဟု သိရသည်။

အဖွဲ့ဝင်အတွင်း လုပ်ငန်းမပြေလည်မှုတွေ၊ ပြီးတော့ အဖွဲ့ချုပ်အတွင်းနည်းဥပဒေကို ကျော်လွန်ပြီးလုပ်ငန်း လုပ်ဆောင် မှု တွေရှိနေတယ်၊ အဲဒီအတွက်ခေါ်ယူရတာဖြစ်တယ်” ဟု ဥက္ကဌ အဖွဲ့ဝင် ပီးဆန်းပွီးမှ ပြောသည်။

အစည်းအဝေးသို့ အဖွဲ့ဝင် အသီးသီးမှဥက္ကဌအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ အကြံပေးပုဂ္ဂိုလ်များ တက်ရောက် ကြ သည်။

ဒဗလှူအယ်လ်စီသည် ချင်းအမျိုးသားကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည့်အပြင် ပြည်တွင်းပြည်ပရှိ ချင်းပြည် သူ၊ အမျိုး သမီးများ၏ ကျန်းမာရေး၊
ပညာရေးအခက်အခဲများ၊ ချင်းအမျိုးသမီးများ၏ လူမှုဒုက္ခကို ဖြေရှင်းပေး နေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

” ယခုလိုအစည်းအဝေးခေါ်ယူရလို့ အချင်းချင်းအကြားနားလည်မှုတွေ ပိုမိုတည်ဆောက်နိုင်မယ်လို့ ယုံကြည် တယ်၊ အဖွဲ့အစည်းတခုမှာ ပြသာနာဆိုတာက ရှိတတ်စမြဲပါ” ဟု အစည်းအဝေးတက်ရောက်သူ တဥိး က ပြောသည်။

ချင်းလဲန်အမျိုးသမီးများအဖွဲ့ချုပ်သည် အမျိုးသမီးများ နိုင်ငံရေးလူမှုရေးဏ္ဍတွင် ပါဝင်မှု စွမ်းရည်မြှင့်တင်ရေး၊ စစ်မှန်သော ဖက်ဒရေပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန် လည်သင့်မြတ် ရေးလှုပ်ရှား မှုတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ရေး၊ ချင်းလူမျိုးများ၏ လူနေမှုအဆင့်အ တန်း နှင့် စွမ်းရေးမြှင့်တင်ရေး၊ ချင်းစာပေနှင့် ယဉ် ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းမြှင့်တင်ရေး ရည်ရွက်ချက်များကို ပိုမိုပြီး တစိုက်မတ်မတ် လက်တွဲအ ကောင် အထည်ဖော်သွားကြရန် ယခုအရေးပေါ် အစည်းအဝေးက တခဲနက်
ဆက်လက်သဘောတူကြကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

အဖွဲ့ချုပ်ကို ချင်းအမျိုးသမီးအသင်းအဖွဲ့ ၁၀ ဖွဲ့ဖြစ်သည့် All Burma Democratic Lushai Womens’ Organization, Centre Chin Women Organization, Chin Women Organization (Delhi), Chin Women Union, Khumi Women Advancement Organization, Lai Women Progressive Association, Mara Women Association, Matu Women Union, Zotung Women
Development Network, Zomi Women Union တို့ဖြင့် ဖွဲ့စည်းထာသည်။

No comments: