Friday, October 7, 2011

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဗုံးပေါက်

KNG


မြစ်ကြီးနားမြို့တွင် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲ မှုတစ်ခု အောက်တိုဘာ ၆၊ မနေ့ ကြသပတေးနေ့ ဒေသ စံတော်ချိန် ၇ နာရီခွဲ တွင်ဖြစ်ပွား ခဲ့သည်ဟု မြို့ခံများ ပြောသည်။

မြို့စွန် ရပ်ကွက် ဧဒင်နှင့် နောင်းပုံကြား မန္တလေး - မြစ်ကြီးနား ရထား သံလမ်း တံတား ၂ ခုတွင် ပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု မြို့ခံ တစ်ဦး ကချင် သတင်း ဌာနသို့ ပြောသည်။

မည်သူ (KIA သို့မဟုတ် မြန်မာအစိုးရ) ဖောက်ခွဲသည်ကို မသိရသေးပါ။
ယခုချိန် ကချင်ပြည် နယ်တွင် မြန်မာ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား ပြည်တွင်း စစ်ကြီး ဖြစ်လာမည့် အခြေနေသို့ ဦးတည် လာနေစဉ် ယခု မြစ်ကြီးနား မြို့ မိုင်းပေါက်ကွဲမှု ဖြစ်ပေါ် လာသည်။

No comments: