Friday, October 7, 2011

လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ (၈)

ခင်​မောင်စိုး

အလုပ်သမား​တို့​ရဲ့​ မိခင်ကြီး​ မာသာဂျုံး​စ်

အ​မေရိကန် လူ့​အခွင့်​ အ​ရေး​ သမိုင်း​မှာ အလုပ် သမား​ တွေရဲ့​ အခွင့်​ အ​ရေး​ အတွက် တိုက်ပွဲ ဝင်ရင်း​ အသက် ရဝ ​ကျော် အရွယ်မှာမှ ​ထောင်ဒဏ် အနှစ် ၂ဝ ချမှတ် ခံခဲ့​ ရတဲ့​ အမျိုး​ သမီး​ကြီး​တ​ယောက် ရှိခဲ့​ဖူး​ ပါတယ်။ သူ့​ကို အလုပ် သမား​ တွေက မာသာ ဂျုံး​စ်လို့​ ​ခေါ်ပါ တယ်။ မြန်မာ လိုဆို ရင်​တော့​ အ​မေ ဂျုံး​စ်​ပေါ့​။

အ​မေဂျုံး​က ​ကြွေး​ကြော် ခဲ့​တဲ့​ စကား​ တခွန်း​ ရှိပါတယ်။ “အလုပ် သမား​ တိုက်ပွဲ ရှိတဲ့​ ​နေရာမှာ အ​မေဂျုံး​စ် အမြဲရှိတယ်” ဆိုတဲ့​ စကား​ပါ။ အ​မေ ဂျုံး​စ် တို့​လို သက်ကြီး​ ရွယ်အို​တွေ ကိုယ်တိုင် ဒီလို စိတ်အား​ ထက်ထက် သန်သန် တိုက်ပွဲ ဝင်ခဲ့​ တဲ့​အတွက် အ​မေရိကန်ပြည်​ထောင်စုမှာ အလုပ် သမား​ အခွင့်​ အ​ရေး​ တွေကို ခံစား​ ခဲ့​ရတာ ဖြစ်ပါတယ်၊​၊​ ဒါ​ကြောင့်​လည်း​ အ​မေ ဂျုံး​စ်ကို အ​မေရိကန်လူ့​အခွင့်​ အ​ရေး​သမိုင်း​မှာ ​နေရာတခု ​ပေး​နေ ရဆဲပါ။ အ​မေရိကန် မှာထုတ်​ ဝေတဲ့​ နာမည်​ကျော် မာသာ ဂျုံး​စ် မဂ္ဂဇင်း​ဟာ သူ့​ကို ရည်စူး ​ဂုဏ်ပြုပြီး​ ထုတ်​ဝေ တာဖြစ် ပါတယ်။

အ​မေဂျုံး​စ်ရဲ့​ အမည်ရင်း​က မာရီဟဲရစ်စ်ဂျုံး​စ်ဖြစ်ပါတယ်။ ၁၈၃၇ ခုနှစ် ဩဂုတ် ၁ ရက်​နေ့​မှာ အိုင်ယာလန်နိုင်ငံမှာ ​မွေး​ဖွား​ခဲ့​တာပါ။ မာသာဂျုံး​စ် အ​ဖေဘက်က ​တော်လှန်​ရေး​သမား​တွေပါ။ သူ့​အဖိုး​က ကြိုး​ပေး​သတ်တာ ခံခဲ့​ရသလို သူ့​အ​ဖေဟာလည်း​ နိုင်ငံ​ရေး​လုပ်ရင်း​ အိုင်ယာလန်မှာ ​နေလို့​မရ​တော့​တာနဲ့​ အ​မေရိကကို ထွက်​ပြေး​လာရပါတယ်။ အဲဒီအချိန်မှာ မာသာဂျုံး​စ် အသက်က ၅ နှစ်ပဲ ရှိပါ​သေး​တယ်။

မာသာဂျုံး​ဟာ က​နေဒါနိုင်ငံ တိုရွန်တိုမြို့​မှာ ပညာသင်ကြား​ ကြီး​ပြင်း​လာပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အထက်တန်း​ ပညာပြီး​ဆုံး​တော့​ သီလရင်​ကျောင်း​တ​ကျောင်း​မှာ ဆရာမ ဝင်လုပ်ပါတယ်။ ၈ လကြာပြီး​တဲ့​နောက်မှာ ချီကာဂိုမြို့​ကို ​ပြောင်း​ပြီး​ အပ်ချုပ်လုပ်ငန်း​ကို လုပ်ပါတယ်။ အဲဒီက​နေ မင်း​ဖစ္စမြို့​ကို ​ရွှေ့​ပြောင်း​ပြီး​ ​ကျောင်း​ဆရာမ လုပ်ပြန်ပါတယ်။ အဲဒီမှာ သံထည်အလုပ်သမား​ ​ဂျော့​ဂျုံး​စ်နဲ့​ ​တွေ့​ပြီး​ အိမ်​ထောင်ပြုပါတယ်။ အိမ်​ထောင်ပြု​တော့​ သူ့​အသက်က ၃၁ နှစ်ရှိပါပြီ။ ​ယောက်ျား​ဖြစ်သူက အလုပ်သမား​အဖွဲ့​မှာ ပါဝင်လှုပ်ရှား​သူဖြစ်တဲ့​အတွက် မာသာဂျုံး​စ်ဟာလည်း​ အလုပ်သမား​တွေနဲ့​ ထိ​တွေ့​ပေါင်း​သင်း​ရင်း​ သူတို့​ရဲ့​ ဆိုး​ရွား​နေတဲ့​ ဘဝကို ပိုပြီး​နား​လည်လာပါတယ်။

အသက် ၃၇ နှစ်အရွယ်မှာ​တော့​ မာသာဂျုံး​စ်ရဲ့​ဘဝမှာ အလွန်ကြီး​မား​တဲ့​ ဆုံး​ရှုံး​မှုကို ​တွေ့​ကြုံရပါတယ်၊​၊​ ​ယောက်ျား​ဖြစ်သူ​ရော က​လေး​လေး​ယောက်ပါ အသား​ဝါ​ရောဂါနဲ့​ တပတ်အတွင်း​သေဆုံး​သွား​တဲ့​ အဖြစ်ဆိုး​ကြီး​ပါ။ ဒီအဖြစ်ဆိုး​ကြီး​ကို ကြုံ​တွေ့​ရပြီး​နောက်မှာ သူဟာ ချီကာဂိုကိုပြန်ပြီး​ စက်ချုပ်တဲ့​အလုပ်ကို လုပ်​နေပြန်ပါတယ်။ စာသင်တဲ့​အလုပ်ထက် အထည်ချုပ်ရတဲ့​အလုပ်ကို ပိုသ​ဘောကျတယ်လို့​ မာသာဂျုံး​စ်က ​ပြောပါတယ်။ အထက်တန်း​လွှာ​တွေအတွက် အဝတ်အထည်ချုပ်လုပ်​ပေး​ရင်း​ အထက်တန်း​လွှာလူတန်း​စား​နဲ့​ အ​ခြေခံအလုပ်သမား​ လူတန်း​စား​ကြား​ အခွင့်​အ​ရေး​နဲ့​ လူမှုအဆင့်​အတန်း​ ကွာဟချက်ကိုလည်း​ ပိုမို သိမြင်လာခဲ့​ပါတယ်။

အသက် ၄၁ နှစ်အရွယ်မှာ ​နောက်ထပ် အဖြစ်ဆိုး​ကြီး​နဲ့​ ကြုံရပြန်ပါတယ်။ ချီကာဂိုမြို့​မှာ မီး​အကြီး​အကျယ် ​လောင်ကျွမ်း​တဲ့​အတွက် မာသာဂျုံး​စ်ပိုင်ဆိုင်သမျှဟာလည်း​ မီး​ထဲ ပါသွား​ပါတယ်။ ဒီ့​နောက်မှာ​တော့​ မာသာဂျုံး​စ်ဟာ အလုပ်သမား​အခွင့်​အ​ရေး​တိုက်ပွဲထဲမှာ အပြည့်​အဝ ပါဝင်လာပါ​တော့​တယ်။ ကမ္ဘာ့​စက်ရုံအလုပ်သမား​အဖွဲ့​ကြီး​ကို ထူ​ထောင်ရာမှာ ပါဝင်ခဲ့​ပါတယ်။

အလုပ်သမား​တွေ ဆန္ဒပြတဲ့​နေရာတိုင်း​မှာ မာသာဂျုံး​စ်ဟာ အား​ပေး​ကူညီပါတယ်။ တိုက်ပွဲရှိမှ ​အောင်ပွဲရှိမယ်လို့​ ယုံကြည်သူဖြစ်တဲ့​အတွက် လုပ်ခတိုး​ဖို့​၊​ အလုပ်ချိန်​လျှော့​ဖို့​ အလုပ်သမား​တွေ ဆန္ဒပြသပိတ်​မှောက်တာမျိုး​ကို တိုက်တွန်း​ခဲ့​ပါတယ်။ ​ဟော​ပြောတဲ့​နေရာမှာ အလွန်အား​မာန်ပါတဲ့​အတွက် အလုပ်သမား​တွေဟာ စိတ်အား​တက်ကြွလာပြီး​ ဘယ်လိုတိုက်ပွဲမျိုး​၊​ အခက်အခဲမျိုး​ကိုမဆို ရင်ဆိုင်ဖို့​အတွက် အဆင်သင့်​ဖြစ်လာတတ်ပါတယ်။ မာသာဂျုံး​စ်ဟာ သူတို့​အတွက် အ​မေတ​ယောက်လို ဖြစ်လာပြီး​ မာသာဂျုံး​စ်ပါဝင်တဲ့​ ပွဲတိုင်း​ဟာ အလုပ်သမား​တွေအတွက် အ​ရေး​ပါတဲ့​ပွဲ​တွေ ဖြစ်လာပါတယ်။

၁၉ဝဝ ပြည့်​နှစ်ကစပြီး​ အလုပ်သမား​လှုပ်ရှား​မှု​တွေမှာ သူတို့​ရဲ့​ဇနီး​မယား​တွေပါ ပါဝင်လာ​အောင် မာသာဂျုံး​စ်က စည်း​ရုံး​ခဲ့​ပါတယ်။ အလုပ်သမား​တွေ ဆန္ဒပြချီတက်ပွဲလုပ်ရင် သူတို့​ဇနီး​တွေပါ လိုက်ပါချီတက်​အောင် စီစဉ်​ပေး​ပါတယ်။ ၁၉ဝ၁ ခုနှစ်မှာ​တော့​ ရက်ကန်း​စက်ရုံမှာ အလုပ်လုပ်တဲ့​ အမျိုး​သမီး​တွေ၊​ အိမ်​ဖော်အလုပ်လုပ်တဲ့​ အမျိုး​သမီး​တွေရဲ့​ ဆန္ဒပြပွဲ​တွေ၊​ သပိတ်​မှောက်ပွဲ​တွေကို မာသာဂျုံး​စ်က စည်း​ရုံး​စီစဉ်​ပေး​ခဲ့​ပါတယ်။ မာသာဂျုံး​စ်လို သက်ကြီး​တ​ယောက်က တက်တက်ကြွကြွ ဦး​ဆောင်ပါဝင်ခဲ့​တဲ့​အတွက် ဒီလိုအလုပ်သမား​သပိတ်​တွေဟာ အလွန် အရှိန်အဟုန်ကြီး​ခဲ့​ပါတယ်။ ၁၉ဝ၃ ခုနှစ်မှာ ပင်ဆီ​ဗေး​နီး​ယား​ပြည်နယ် ကန်စင်စတန်မြို့​က​နေ နယူး​ယော့​မြို့​ကို က​လေး​တွေနဲ့​ ချီတက်ဆန္ဒပြပွဲတခုကို သူဦး​စီး​ ​ရှေ့​ဆောင်ခဲ့​ပါတယ်။ အရွယ်မ​ရောက်​သေး​တဲ့​ က​လေး​အလုပ်သမား​တွေနဲ့​ ပတ်သက်ပြီး​ သမ္မတရူး​စဗဲ့​ သိ​အောင် လုပ်ခဲ့​တာပါ။

ဒါ​ပေမယ့်​ အာဏာပိုင်​တွေနဲ့​ စက်ရုံပိုင်ရှင်များ​ဘက်က​တော့​ မာသာဂျုံး​စ်ကို အကြမ်း​ဖက်မှု​တွေဖြစ်လာ​အောင် အလုပ်သမား​တွေကို ​သွေး​ထိုး​ပေး​တဲ့​သူ၊​ အကြမ်း​ဖက်​အောင် လှုံ့​ဆော်​ပေး​နေသူလို့​ မြင်​နေပါတယ်။ ဒါ​ကြောင့်​ပဲ မာသာဂျုံး​စ်ဟာ နှစ်ကြိမ်အဖမ်း​ခံခဲ့​ရပါတယ်။

ပထမအကြိမ်က ၁၉ဝဂ ခုနှစ်မှာ ဖြစ်တာပါ။ အ​နောက်ဗာဂျီနီး​ယား​နယ်က သတ္ထုတွင်း​အလုပ်သမား​တွေ သပိတ်​မှောက်ပွဲဖြစ်ရာမှာ သတ္ထုတွင်း​ပိုင်ရှင်​တွေက ​သေနတ်နဲ့​ ပစ်ခတ်နှိမ်နင်း​ပါတယ်။ ကုမ္ပဏီရဲ့​ လုံခြုံ​ရေး​အ​စောင့်​တဦး​ အသတ်ခံခဲ့​ရတဲ့​အတွက် ဒီသပိတ်ပွဲကို ​ခေါင်း​ဆောင်ခဲ့​သူ မာသာဂျုံး​စ်ကို ဖမ်း​ပြီး​ အနှစ် ၂ဝ ​ထောင်ချခဲ့​ပါတယ်။ ​နောက်ပိုင်း​မှာ အထက်လွှတ်​တော်က ​ကော်မရှင်တခု ဖွဲ့​စည်း​ပြီး​ စုံစမ်း​ရာမှာ အပြစ်မရှိ​ကြောင်း​ ​တွေ့​တဲ့​အတွက် ပြန်လွတ်လာပါတယ်၊​၊​ အဲဒီအချိန်မှာ မာသာဂျုံး​စ်အသက်က ၇၈ နှစ် ရှိ​နေပါပြီ။

ဒုတိယအကြိမ် အဖမ်း​ခံရတာက​တော့​ ၁၉၁၃ ခုနှစ်မှာ ဖြစ်ပါတယ်။ မာသာဂျုံး​စ်ဟာ ​ကော်လိုရာဒိုပြည်နယ်က အလုပ်သမား​သပိတ်​တွေကို ဦး​စီး​ခေါင်း​ဆောင်ခဲ့​တာ​ကြောင့်​ အဖမ်း​ခံခဲ့​ရတာပါ။ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့​ မာသာဂျုံး​စ်ကို သူနဂို​နေထိုင်ရာ ချီကာဂိုဆီ ပြန်ပို့​ပေး​ပေမယ့်​ မာသာဂျုံး​စ်က​တော့​ သပိတ်​မှောက်ပွဲဖြစ်ပွား​နေတဲ့​ ​ကော်လိုရာဒိုပြည်နယ်ကိုပဲ ပြန်လာပါတယ်။ ဒါ​ကြောင့်​ ဖမ်း​ပြီး​ နှစ်လ​ကျော် ကြာ​အောင် ​ထောင်ထဲမှာ ချုပ်ထား​ခဲ့​ပါတယ်။ မာသာဂျုံး​ဟာ အသက် ၉၃ နှစ်အရွယ်အထိ အဲဒီသပိတ်ထဲမှာ ဆက်လက်ပါဝင်​နေခဲ့​ပါတယ်။

အသက် ၈၈ နှစ်အရွယ်မှာ ကိုယ်တိုင်​ရေး​အတ္ထုပ္ပတ္တိကို ပြုစုပါတယ်၊​၊​ ဖိနှိပ်သူ​တွေရှိ​နေတဲ့​ကြား​ကပဲ အလုပ်သမား​တွေဟာ ​အောင်မြင်မှုရလာပြီ … အလုပ်ချိန်​တွေ ​လျှော့​လာပြီ … လူ​နေမှုအဆင့်​အတန်း​ မြင့်​လာပြီ … ကမ္ဘာကြီး​ရဲ့​ဓနချမ်း​သာကို ဖန်တီး​တဲ့​ အလုပ်သမား​တွေဟာ အဲဒီဓနချမ်း​သာကို ခွဲ​ဝေခံစား​ခွင့်​ ရလာကြပြီ … လို့​ အဲဒီအတ္ထုပ္ပတ္တိမှာ ​ရေး​သား​ခဲ့​ပါတယ်။

မာသာဂျုံး​စ်ဟာ အသက် ၉၃ နှစ်ပြည့်​ပြီး​ သုံး​လ​ကျော်တဲ့​အချိန်မှာ ကွယ်လွန်သွား​ပါတယ်၊​၊​ သူကွယ်လွန်ချိန်မှာ သူ့​ဈာပနအခမ်း​အနား​ကို လူ​ပေါင်း​ ၂၀,၀၀၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။

ကွယ်လွန်သွား​ပြီး​နောက်မှာ “မာသာဂျုံး​စ်ကွယ်လွန်ခြင်း​” ဆိုတဲ့​ အမည်နဲ့​ ​တေး​သီချင်း​တပုဒ် ​ပေါ်ထွက်လာခဲ့​ပါတယ်။ အမည်မသိ သီချင်း​ရေး​စပ်သူက “မာသာဂျုံး​စ်ဟာ အမှန်တရား​နဲ့​ တရား​မျှတမှုအတွက် တိုက်ပွဲဝင်ခဲ့​တယ်၊​၊​ ​ကြောက်ရွံ့​မှုကင်း​တဲ့​ သံမဏိစိတ်ဓာတ်နဲ့​ မြင့်​မြတ်စွာ ရပ်တည်ခဲ့​တယ်၊​၊​ မှား​ယွင်း​မှု​တွေကို မုန်း​တီး​ပြီး​ ​သေဆုံး​ချိန်အထိ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့​တယ်” လို့​ မာသာဂျုံး​စ်ကို ဂုဏ်ပြုစပ်ဆိုထား​ပါတယ်။

No comments: