Tuesday, October 4, 2011

ကိုဇာဂနာကို ​ထောင်ဝင်စာ​တွေ့​ခွင့်​ပေး​ပြီ

နော်နိုရင်း

စွယ်စုံ အနု ပညာရှင် လူရွှင်​တော် ဇာဂနာကို အာဏာ ပိုင်​တွေက ​ဆွေမျိုး​ သား​ချင်း ​တွေနဲ့​ ​ထောင်ဝင်စာ​ တွေ့​ခွင့်​ ပြန်လည် ခွင့်​ပြု လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီး​နား​ ထောင်မှာ ​ထောင်ဒဏ် ၃၅ နှစ် ကျခံ​ နေရတဲ့​ ကိုဇာဂနာကို ​ဆွေမျိုး​ သား​ချင်း​ တွေနဲ့​ ​ထောင်ဝင်စာ ​တွေ့​ဆုံခွင့်​ မ​ပေး​ဘဲ တနှစ်ခွဲ​လောက် တား​မြစ်ထား​ ရာက ပြန်လည်​ တွေ့​ခွင့်​ ပြုလိုက် တာပါ။

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မြစ်ကြီး​နား ​ထောင်မှာ ​ထောင်ဝင်စာ သွား​တွေ့ ​ခဲ့​တဲ့​ တခြား ​နိုင်ငံ​ရေး​ အကျဉ်း​သား​ မိသား​စု က​နေ တဆင့်​ အ​ကြောင်း ​ကြား​လာလို့​ ​ထောင်ကို ဆက်သွယ်​ မေး​မြန်း​ ရာမှာ ဟုတ်မှန်​ကြောင်း​ အတည်ပြု​ ပြောခဲ့​ တယ်လို့​ ခယ်မဖြစ်သူ မငြိမ်း​က ​ပြောပါတယ်။

“အဲဒီ သတင်း​အရင် စကြား​ တယ်။ ကြား​ပြီး​ တော့​မှ ညဖက် ကျမှ ​ထောင်ကို ဖုန်း​ဆက်ပြီး ​မေး​တော့​ ဦး​စီး ​အရာရှိက ​တွေ့​ခွင့်​ ရပါပြီလို့​ ​ဖြေတယ်။ သန်း​ခေါင် စာရင်း​၊​ မှတ်ပုံတင် အစုံအလင်နဲ့​လာ ခဲ့​ရင် ​တွေ့​လို့​ရ ပါတယ်လို့​ ​ပြောပါတယ်။”

ကိုဇာဂနာကို ​ထောင်ဝင်စာ ​တွေ့​ခွင့်​ပေး​လိုက်ပြီဖြစ်တဲ့​အတွက် ဒီလလယ်ပိုင်း​ သို့​မဟုတ် လကုန်ပိုင်း​ကျရင် သွား​တွေ့​ဖို့​ စဉ်း​စား​ထား​တယ်လို့​ မငြိမ်း​က ​ပြောပါတယ်။

ဒါ့​အပြင် အခုတ​လော မြန်မာနိုင်ငံတဝန်း​ အကျဉ်း​ထောင်​တွေမှာ ဖမ်း​ဆီး​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုမှု​တွေ ရှိ​နေသလို ကိုဇာဂနာ အပါအဝင် အကျဉ်း​ကျ​နေသူတချို့​ ပြန်လည်လွတ်​မြောက် လာ​တော့​မယ်ဆိုတဲ့​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်ပြီး​ မငြိမ်း​က “မကြား​သေး​ပါဘူး​။ ​ကောလဟလက​တော့​ ပြီး​ခဲ့​တဲ့​တပတ်လုံး​က​တော့​ ဖြစ်​နေတာ။ မ​နေ့​ကထိ​တောင် ကိုသူရက ​နေပြည်​တော်ကို ​ရောက်​နေသလိုလို ​ပြော​နေကြတယ်။ အနုပညာ​လောကမှာလည်း​ ကြား​နေရတယ်။ ဖြစ်ရိုး​ဖြစ်စဉ်​တွေက ရှိတယ်။ နှစ်မ​စေ့​ပဲ လွတ်တဲ့​လူ​တွေက အိမ်တိုင်ရာ​ရောက် ပြန်ပို့​တတ်ကြတယ်။ နယ်​မြေခံအက်စ်ဘီ (အထူး​ရဲတပ်ဖွဲ့​) က​နေ အ​ကြောင်း​ကြား​မှ အမှန်ဖြစ်တယ်။”

ကိုဇာဂနာဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့​တဲ့​ နာဂစ် ဆိုင်ကလုန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​သင့်​ခဲ့​ရတဲ့​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ရင်း​နဲ့​ အာဏာပိုင်​တွေရဲ့​ ဖမ်း​ဆီး​ခံခဲ့​ရတာပါ။

No comments: