Tuesday, October 4, 2011

ပျဉ်း​မနား​မြို့​တွင် ဗုံး​တွေ့

အေး​နိုင်

အစိုး​ရ ရုံး​စိုက်ရာ ​နေပြည်​တော် ပျဉ်း​မနား ​မြို့​မှာ ဗုံး​တလုံး​ ​ဖော်ထုတ် ရရှိခဲ့​ တယ်လို့​ ​ဒေသခံ​ တွေက ​ပြောပါတယ်။

နေပြည်​တော် ပျဉ်း​မနား​ ရန်​အောင် ၂ အုပ်စု၊​ နယ်​မြေ (၁၇)ရန်နိုင် ၂ လမ်း​အတွင်း​မှာ စက်တင်ဘာ ၂၆ ရက်​နေ့​ မနက် (၉) ​ကျော်ခန့်​က ဗုံး​တလုံး​ ​ဖော်ထုတ် ရရှိခဲ့​တယ်လို့​ နယ်​မြေခံ တဦး​က ​ပြောပါတယ်။

Pin ဖြုတ်ထား ​ပြီး​သား​ အဲဒီဗုံး​ကို Denis&Martin နာရီ ဘူး​ခွံ အတွင်း​ လီဗာနှင့်​ ဆူး​ခွံကို ဝိုင်ယာ တိတ်ဖြင့်​ ပတ်ပြီး​ ဝိုင်ယာတိတ် ​ဖြေရင်
ပေါက်ကွဲရန် စီမံ ထား​သော နာရီ ဆူး​ခွံ တခုကို ​တွေ့​ ရှိခဲ့​ တာလို့​ ပျဉ်း​မနား​ ​ဒေသခံ တချို့​က ​ပြောပါတယ်။

မြို့​ခံတဦး​က “အဲဒီ နာရီပုံး​ လေး​က DM ဆိုတဲ့​ နာရီ ပုံး​လေး​။ အဲဒီပုံး​ လေး​ထဲမှာ လက်ပစ်ဗုံး​ကို ထည့်​ထား​တယ်။ အဲဒါကို တိတ်နဲ့​ပတ်ပြီး​တော့​ အထဲ​ကော အပြင်​ကော ပိတ်ထား​တယ်။ အဲဒီ ဘူး​ကို နာရီ အမှတ်နဲ့​ ဖွင့်​လိုက်ရင် ထကွဲ သွား​အောင်လို့​ စီမံ ထား​တယ်။ အဲဒါကို​တွေ့​တဲ့​လူက နာရီ အ​လေး​ချိန် မဟုတ်ဘူး​ ဆိုပြီး​ သံသယ ရှိလို့​ အဆင့်​ အဆင့်​ အ​ကြောင်း​ကြား​ လိုက်​တော့​ စစ်​ဆေး​ လိုက်တဲ့​ အခါမှာ လက်ပစ်ဗုံး​ ဖြစ်​ကြောင်း​ ​တွေ့​ရပါတယ်” လို့​ ​ပြောပါတယ်။

ဒေသခံအာဏာပိုင်အဖွဲ့​အစည်း​တွေနဲ့​အတူ စစ်​မြေပြင်အင်ဂျင်နီယာတပ်က ​ရောက်လာပြီး​ စစ်​ဆေး​ဖြုတ်ယူခဲ့​တာလို့​ဆိုပါတယ်။

အဲဒီဗုံး​ဟာ ​ရှေး​ခေတ်စစ်တပ်သုံး​ “ဗီယက်နမ် ဝမ်း​” အမျိုး​အစား​ လက်ပစ်ဗုံး​ဖြစ်ပြီး​ ထိ​ရောက်အား​ဟာ ဆယ်​ပေပတ်လည်တွင်း​မှာ ​သေ​ကျေနိုင်ပြီး​ ​ပေငါး​ဆယ် ပတ်လည်အတွင်း​မှာ ဒဏ်ရာရ​လောက်​အောင် ပြင်း​ထန်တဲ့​ ဗုံး​အမျိုး​အစား​ဖြစ်တယ်လို့​ ဆိုပါတယ်။

ဒီဗုံး​နဲ့​ပတ်သက်လို့​ ​နောက်ဆက်တွဲတရား​ခံကို မ​ဖော်ထုတ်နိုင်​သေး​သလို စွပ်စွဲ​ပြောဆိုတာလည်း​ မကြား​ရဘူး​လို့​ မြို့​ခံက ​ပြောပါတယ်။

“အဲဒီလိုမျိုး​ ဖမ်း​မိတယ်လည်း​ မကြား​ဘူး​။ ဘယ်သူဘယ်ဝါ စွပ်စွဲထား​တာလည်း​ သတင်း​က ထွက်မလာ​သေး​ဘူး​။ အဲဒီမတိုင်ခင် သူတို့​လွန်ခဲ့​တဲ့​ တလအ​တောအတွင်း​မှာ​တော့​ ဘယ်အဖွဲ့​အစည်း​က ​ဖောက်ခွဲ​ရေး​သမား​တွေ ​နေပြည်​တော်ကို လွှတ်မယ်ဆိုတဲ့​ သတင်း​တွေဖြန့်​ထား​တာ​တော့​ ရှိတယ်။”

No comments: