
လွတ်ငြိမ်းချမ်းသာခွင့်အရ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ဗုဒ္ဓဟူးနေ့တွင် အကျဉ်းသား ၄၀၀ ကျော် စတင် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၄၆ ဦး ပါဝင်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောကြားရာတွင် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်း သားများ ထဲတွင် သံဃာတော် ဆယ်ပါး၊ စစ်ထောက် လှမ်းရေး အရာရှိဟောင်း တဦး၊ စစ်ဘက် အရာ ရှိဟောင်း တဦး၊ ဗုံးခွဲ မှုဖြင့် ထောင်ချခံရသူ နှစ်ယောက်၊ ကျောက်ဆည်မြို့ ဘာသာရေး အဓိ ကရုဏ်းတွင် ပါဝင် ပတ်သက် ခဲ့သူ ၁၃ ဦးနှင့် ဒီချုပ် အဖွဲ့ဝင် ငါးဦးတို့ ပါဝင် သည်ဟု ဆိုသည်။
မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်ကိုးပါးနှင့် ၁၉၈၈ ခုနှစ်ကတည်းက အဖမ်းခံခဲ့ရသော ဦးသုန္ဓရ (လူအမည် ဦးသန်းအောင်) လည်း ပါဝင်သည်။
No comments:
Post a Comment