Wednesday, October 12, 2011

တရားဥပဒေစိုးမိုးမှု အရေးတကြီးလိုအပ်

ဧရာဝတီ

မြန်မာ နိုင်ငံ သားများ သည် တရား ဥပဒေ စိုးမိုး ရေး ကင်းမဲ့မှု ဒဏ်ကို နှစ်ပေါင်း များစွာ ခံစား နေရသည့် အတွက် နိုင်ငံ တကာ က တရား ဥပဒေ စိုးမိုးမှု အသီး အပွင့် ဒီမို ကရေစီ၊ လွတ်လပ် မှုနှင့် လုံခြုံမှု ရရှိ စေရန် ၀ိုင်းဝန်း ကူညီ ပေးကြစေ လိုကြောင်း မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်သည်။

“ဒီမို ကရေစီ ရဖို့ ကြိုးပမ်း နေတာလည်း ကာလ အတော်ကြာပြီ ဖြစ်ပေမယ့် အခုထိ မရသေး တာမို့ မိတ်ဆွေ နိုင်ငံ တွေရဲ့ အားပေး မှုကို အများကြီး လိုအပ် ပါတယ်။ ကျမတို့ နဲ့အတူ ရပ်တည် ပေးပါ” ဟု ဒေါ်အောင်ဆန်း စုကြည်က ချက် ပြည်သူ့ သမ္မတ နိုင်ငံတွင် ကျင်းပသော ဒီမို ကရေစီနှင့် တရား ဥပဒေ စိုးမိုးရေး (Democracy and the rule of law) ၁၅ ကြိမ် မြောက် ဖိုရမ် ၂၀၀၀ ၏ အဖွင့် ဗီဒီယို မိန့်ခွန်းတွင် ပြောခြင်း ဖြစ်သည်။

နိုင်ငံ တကာမှ အစိုးရ ကိုယ်စား လှယ်များ၊ လူမှု အခြေပြု အဖွဲ့ အစည်းများ၊ ပညာ ရှင်များ၊ လေ့လာသူ စုစုပေါင်း ၁၃၀၀ ကျော် တက်ရောက် သည့် ဖိုရမ် ၂၀၀၀ ၏ ၁၅ ကြိမ်မြောက် အစည်း အဝေးကို ချက်ပြည်သူ့ သမ္မတ နိုင်ငံ ပရက်ဂ် မြို့ရှိ ZOFIN ခန်းမတွင် အောက်တိုဘာ လ ၉ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ကျင်းပ ခဲ့သည်။

“တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်လိုပဲ အပြောင်းအလဲတွေ လုပ်လုပ် ရေရှည်မခံပါဘူး။ တရားဥပဒေ စိုးမိုးမှု မရှိရင် လုံခြုံ စိတ်ချရမှုကိုလည်း ပြည်သူတွေ ခံစားကြရမှာ မဟုတ်တာကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေတယ် လို့လည်း ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့ လုပ်နေတယ်ဆိုတာကို ပြသဖို့လိုတာ ကြောင့် တရားဥပဒေစိုးမိုးရေး ဆိုတာ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခုနှစ်အတွက် အစည်းအဝေးကို ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းနှင့် ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းတို့ ပူးတွဲတာဝန်ယူ ကျင်းပခြင်းဖြစ်သည်။ ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းကို ချက်သမ္မတဟောင်း Vaclav Havel က ဦးဆောင်၍ ၁၉၉၇ ခုနှစ်က စတင်ထူထောင်ခဲ့သည်။

ချက်သမ္မတဟောင်း Vaclav Havel က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် “ယခုနှစ် ဖိုရမ် ၂၀၀၀ ရဲ့ ဆွေးနွေးမှုမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးရဲ့ ဆက်နွှယ်မှုကို အဓိကထား ဆွေးနွေးလေ့လာမယ်” ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို မိန့်ခွန်းဖွင့်ပြခြင်းဖြင့် ဆွေးနွေးပွဲ စတင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ဒဏ်ကို ခံစား နေကြရပါတယ်။ လူများစုဟာ မှန်ကန်တဲ့ရပ်တည်ချက်က ဘာဆိုတာကို မသိကြပါဘူး။ ဘယ်စည်းမျဉ်း၊ ဘယ် ဥပဒေက မှန်ကန်တယ်၊ သူတို့ရဲ့ ရပိုင်ခွင့်တွေက ဘာတွေဖြစ်တယ်၊ တရားမျှတမှုရှိဖို့ ဘာတွေလိုတယ် ဆိုတာ ကိုတောင် သူတို့ မသိကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိမချင်း တရားမျှတမှု ဆိုတာကို သူတို့ နားလည် နိုင်ကြမှာမဟုတ်ပါဘူး” ဟု ပြောသည်။

ဖိုရမ် ၂၀၀၀ အစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများလည်း တက်ရောက် ဆွေးနွေးကြ သည်။

No comments: