သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဟာသ သရုပ်ဆောင် ဇာဂနာ ဗုဒ္ဓဟူးနေ့ နံနက်တွင် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လာပြီဖြစ်ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။ထောင်ဒဏ် ၃၅ နှစ်ကျခံခဲ့ရသော ဇာဂနာ (ခေါ်) ကိုသူရမှာ နေအိမ်သို့ နေ့လည်ပိုင်းတွင် ရောက်ရှိ လိမ့်မည်ဟု မျှော်လင့်ရသည်။
"သူနေကောင်းပါတယ်၊ တခြားတော့ ဘာမှ ပြောလို့ မရဘူး အားလုံးကို နှုတ်ဆက်ပေးပါတဲ့ ပြောလိုက်ပါတယ်။" ဟု မငြိမ်းက မဇ္ဈိမ ကိုပြောသည်။
ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ် အတွင်း နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် သင့်သူများအတွက် လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အဖမ်းခံခဲ့ရသည်။
အင်္ဂါနေ့က သမ္မတ ဦးသိန်းစိန်မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သော ယနေ့တွင် အကျဉ်းသား ၆,၃၅၉ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ကို အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ၊ ထိုက်သင့်သော ပြစ်ဒဏ်ကျခံပြီးသူများ ပြန်လွှတ်ပေးမည်ဟု သူ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါရှိသည်။
No comments:
Post a Comment