သျှမ်းသံတော်ဆင့်
့်
ဦးသိန်းစိန် အစိုးရ သစ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်း နေချိန် သျှမ်းပြည် တောင်ပိုင်း အတွင်း လှုပ်ရှား နေသည့် မြန်မာ စစ်တပ်က ဒေသခံ လူထု အပေါ်လူ့အခွင့် အရေး အမျိုးမျိုး ချိုးဖေါက် နေရကြောင်း ဒေသခံ များပြော ပြောပါ သည်။
“ဝမ့်ကန်ရွာဆိုတာက ပအိုဝ်းရွာ။ အဲ့ရွာမှာသျှမ်းအိမ်တအိမ်ရှိတယ်။ အဲ့ဒီသျှမ်းအိမ်ကမွေးထားတဲ့ နွား ၈ ကောင် ကို မြန်မာ စစ်တပ်က ပစ်သတ် အမဲခြောက်လုပ် ပြန်ရောင်းစားတာ” ဟု လဲချားမြို့သားတဦးကသျှမ်းသံတော် ဆင့် သို့ ပြန်လည် ပြောပြပါသည်။
ဝမ့်ကန်ရွာအုပ်ချုပ်ရေးမှူး လုံးမောင်ထွန်းက မြန်မာစစ်တပ်ခမရ ၅၁၅ ၏ကျူးလွန်နေမှုကို မြို့တက်တိုင်တန်း ခြင်းမပြုရန် တားမြစ်ထားသဖြင့် အဆိုပါဒေသခံမှာလည်း မည်သို့မျှမတတ်နိုင်ကြောင်း ၎င်းကဆက်လက်ပြော ပြသည်။
အလားတူ လဲချားတောင်ဖက်ရှိ ပင်လုံအခြေစိုက် ခမရ ၅၁၃ မှ ပင်လုံ လဲချားလမ်းလုံခြုံရေးတာဝန်ကျစစ် ကြောင်း ကလည်း ဒေသခံလူထု၏ကားတားကာ တစီးကျပ် ၅၀၀ ကောက် ယူကြောင်း ကားဆရာတဦးကလည်း သျှမ်းသံတော်ဆင့် အား ပြောပြသည်။
“ပင်လုံ-လဲချားလမ်းကင်းစစ်သားတွေပေါ့။ ကောင်းတွန်း-မတ်ကျိုင်းနဲ့ ၂၁ မိုင်အဲ့ကြားတွေမှာစောင့်တဲ့စစ်သား တွေက ပိုဆိုးတာ။ တွေ့တဲ့ကားကိုတား။ တစီး ၅၀၀ တောင်း။ မပေးရင် ကားပေးမထွက်ဘူး။ အစိုးရသစ်ရှိနေပြီ။ တကယ်တော့ ဒီကိစ္စတွေ မရှိသင့်တော့ဘူး ” - ဟုလည်း ၎င်းကဆက်လက်ပြောသည်။
ပင်လုံ - လဲချားအတက်လမ်း နောင်လိုင်အနီး ၁၀ မိုင် ကုန်းဂိတ်တွင်လည်း အလားတူ ဆိုင်ကယ်၊ ကား၊ ယာဉ်အတက် အဆင်း ဂိတ်ဖြတ်သန်းတိုင်းပေးရပြီး ဂိတ်စောင့်စစ်သားများမှာ ‘လစာ အသုံးမလောက်လို့ ကောက်ရတာပါ’ ဟုပင်ပြော ကြောင်းပင်လုံမှ ကားဆရာတဦး ကလည်းပြောသည်။
No comments:
Post a Comment