Wednesday, October 12, 2011

KIA တပ်ရင်း ၂၇ နယ်မြေတွင် မြန်မာစစ်သား ၄ လောင်း တွေ့

KNG


ကချင်ပြည်နယ်တွင် အောက်တိုဘာ (၁၁) ရက်၊ ယနေ့ အင်္ဂါနေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာအစိုးရစစ်သား အလောင်း ၄ လောင်း တွေ့ရှိကြောင်း မျက်မြင်သက်သေများ ပြောသည်။

မြန်မာအစိုးရစစ်သား အလောင်း ၄ လောင်းနှင့် စစ်သုံးကျောပိုးအိတ်နှင့် စစ်ဝတ်စုံများအား တိုက်ပွဲဖြစ်ရာ အင်ဒုံဒိန်ဆာ (Ndung Dingsa) ရွာအနီးတွင် တွေ့ရသည်ဟု ဒေသခံများပြောသည်။

၎င်းရွာသည် ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်ရင်း (၂၇) ဒေသဖြစ်သည်။

သေဆုံး စစ်သားများမှာ လွန်ခဲ့သည့်အပတ်မှ ယခု KIA တပ်ရင်း (၂၇) နယ်မြေထဲ စစ်ကြောင်း ၀င်ရောက်လာသော ဗန်းမော်အခြေစိုက် တပ်ရင်း မခရ (၄၇) နှင့် မံစီအခြေစိုက် တပ်ရင်း ခမရ (၆၀၁) မှဖြစ်သည်ဟု ဆိုသည်။

ယခုလို စစ်ကြောင်းလှုပ်ရှားလာချိန်မှ နှစ်ဘက်တပ်များကြား တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဖြစ်လာကြောင်း ကချင်သတင်းဌာနမှ လေ့လာသိရှိရပါသည်။

No comments: