
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက် ကိုမင်းကိုနိုင်မွေးနေ့အတွက် ဖိတ်စာများ စတင်ဝေနေပြီ ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
" ကိုမင်းနိုင်ကိုရဲ့ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မှာ ဒီလ ၁၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့ အတွက် ဖိတ်စာတွေ ဝေနေပါပြီ။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ ဖိတ်စာဆိုပြီး ဒီမိုကရေစီ မြတ်နိုးသူများကို သူရုပ်ပုံနဲ့ အတူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
ကိုမင်းကိုနိုင်မှာ ကျိုင်းတုံထောင်ထဲမှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် လွှတ်မြောက်လာတော့မည်ကြောင်း ခန့်မှန်းပြောဆိုနေကြစဉ် အခြားတဘက်တွင်လည်း ၈၈ မျိုးဆက်ကျောင်းသားများက ကိုမင်းကိုနိုင် မွေးနေ့ အတွက် ဖိတ်စာများ ဖြန့်ဝေနေခြင်း ဖြစ်သည်။
" ကိုမင်းကိုနိုင် လွှတ်မြောက်လာမယ်ဆိုပြီး ပြောနေကြတယ်။ အကျဉ်းသား ၃၀၀ ကျော် လွတ်ပေးမယ်ဆိုပြီး သတင်းတွေလည်း ရန်ကုန်မှာ ထွက်နေပါတယ်" ဟု အစိုးရမှ အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ပေးမည်ဟု အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်း ကျေညာချက် ထုတ်ပြန် အပြီး ရန်ကုန်တွင် ဖြစ်ပေါ်နေသော သတင်းကို သူက ပြောပြသည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကိုမင်းကိုနိုင် မိသားစု အနေဖြင့် ကိုမင်းကိုနိုင်အား ထိန်းသိမ်းရာ ရှမ်းပြည်နယ် ကျိုင်းတုံသို့ လိုက်ပါသွားကြမည်ဟု သိရသည်။
No comments:
Post a Comment