Tuesday, October 4, 2011

မုန်းကို KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၄ ဦးကျ၊ ၅ ဦး ဒဏ်ရာရ

KNG


ရှမ်းပြည် မြောက်ပိုင်း မူဆယ်မှ မုန်းကို ဒေသသို့ ဦးတည် လာသော မြန်မာ အစိုးရ စစ်ကား (၃)စီးအား လမ်းခု လတ်တွင် KIAမှ စက်တင် ဘာ ၃၀၊ သောကြာနေ့ ၁ နာရီ ကျော်တွင် တိုက်ခိုက် ခဲ့ရာ မြန်မာ စစ်သား (၄) ဦး ကျကာ (၅) ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ များပြော သည်။

ယခု တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ မုန်းကိုဒေသတွင် ဒုတိယအကြိမ် တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

ယင်းပစ်ခတ်မှုသည် နမ့်ဆူနှင့် နော်ဂိုကြား (ပန်ဆိုင်းနှင့် မုန်းကို ကြား) တွင်ဖြစ်ပြီး တိုက်ခိုက်မှုကို မုန်းကို အခြေစိုက် KIA တပ်ရင်း ၃၆ နှင့် ၃၈ တို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ KIA အရာရှိများပြောသည်။

ဒဏ်ရာရရှိသူများတွင် ၂ ဦးအား မုန်းကို (Mungu) ဆေးရုံသို့ ပို့ထားကြောင်း ဒေသခံများပြောသည်။

မြန်မာ စစ်ကားအား အချိန်တို စောင့်ကြို ပစ်ခတ်မှု အတွင်း KIA ဘက်မှ ဒဏ်ရာရ သေဆုံးသူ မရှိကြောင်း KIA မုန်းကိုတပ် အရာရှိ တစ်ဦးကပြောသည်။

ပထမဆုံး မြန်မာစစ်တပ်အား မုန်းကိုတွင် KIA မှ တိုက်ခိုက်မှုအား ယခုလ စက်တင်ဘာ ၁၈ ရက်တွင်ပြုလုပ်ခဲ့ရာ အစိုးရစစ်သား (၇) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ ၂၄ မှ စကာ မြန်မာစစ်တပ်က ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်များအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရာ နှစ်ဖက်စစ်ပွဲများ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံနှင့် မူဆယ် ဒေသများသို့ ကျယ်ပြန့်လာနေပါသည်။

No comments: