
မြန်မာ စစ်တပ်၏ စစ်ထောက် လှမ်းရေး စစ်ဖက် ရေးရာ လုံခြုံ အဖွဲ့(စရဖ) ၀င် တဦးသည် စက်တင်ဘာ ၃၀၊ ယနေ့ သောကြာနေ့ မွန်းလွဲ ၃ ကျော်တွင် ဖြစ်ပွားသော KIA ၏ ပစ်ခတ်မှု တခုတွင် သေဆုံး ခဲ့ကြောင်း မျက်မြင် သက်သေများ ပြောသည်။
သူသည် ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ကျေးရွာရှိ စရဖ ရုံးအား ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်ပစ်ခတ်မှုတွင် သေဆုံးခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။
ပစ်ခတ်မှုနှင့် စရဖ အဖွဲ့ဝင် ကျဆုံး ခဲ့ခြင်းကို KIA ဗဟို ဌာနချုပ် လိုင်ဇာမှ စစ်အရာ ရှိများလည်း ကချင် သတင်း ဌာန သို့ အတည်ပြုသည်။
နမ်ဆန်ယန် ကျေးရွာ (Nam San Yang) သည် မြစ်ကြီးနား - မန်မော် (ဗန်းမော်) ကားလမ်း မတွင်ရှိပြီး KIO မြို့တော် လိုင်ဇာနှင့်လည်း အနည်း ငယ်နီး ကပ်ပါသည်။
No comments:
Post a Comment