မင်းလွင်
ဒီမို ကရက်တစ် ပါတီ (မြန်မာ) ရဲ့ ထိပ် တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ အထွေထွေ အတွင်း ရေးမှူး ဒေါ်နေရီ ဗဆွေဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်ရဲ့ ပါတီဝင် အဖြစ် လျှောက်ထား ရာမှ ပါတီဝင် အဖြစ် ရရှိ သွားပြီ ဖြစ်ပါတယ်။
ပုဂ္ဂိုလ် ရေးနဲ့ နိုင်ငံရေး ထက်စာရင် တိုင်းပြည် အတွက် ကြည့်ပြီးတော့ အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် သစ်အဖြစ် လျှောက်ရ တာ ဖြစ် တယ်လို့ ဒေါ်နေရီ ဗဆွေက ပြောပါတယ်။
“အန်တီတို့က စဉ်းစားရင် နိုင်ငံက ဘာလိုလဲ၊ လူထုက ဘာလိုလဲ၊ ဒါကို အန်တီ အမြဲတမ်း ဦးစားပေး စဉ်းစားတယ်။ အခုကြည့် လိုက် တော့ သူတို့ ကလည်း မှတ်ပုံပြန် တင်တယ်။ ရွေးကောက်ပွဲ ပြန်ဝင် မယ်ဆိုတော့ တိုင်းပြည်မှာ အဘက် ဘက်က ချုံးချုံး ကျနေတဲ့ ကဏ္ဍတွေကို အင်အားပြန် တောင့်တင်းဖို့ လုပ်ဖို့ လိုတယ်။ နောက် ပြည်ပ ကလည်း မြန်မာ ပြည်ကို လေးစားပြီး ဂုဏ်ပြုတဲ့ အနေ အထားကို မြှင့်တင်ဖို့ လိုအပ် တယ်ဆိုတော့ အန်တီ ဒါကို မြင်တယ်။ ဘာလုပ် ပေးရင် ကောင်းမ လဲဆိုတော့ နိုင်ငံရေး အရ ကောင်းတဲ့ ဘက်ကို ဦးတည် နေတယ်။
အဲဒါကို အင်အားနဲ့ စုပေါင်းညီညွတ်စွာ စွဲတင်ပြီးတော့ ကောင်းတဲ့ဘက်ကိုမြန်မြန်ရောက်အောင် များများရအောင်ဆိုပြီးတော့ လုပ်သင့် တယ်ဆိုပြီး ပစ္စုပ္ပန်တည့်တည့် ဖြစ်ရပ်ပေါ်မူတည်ပြီး လုပ်သင့်တယ်ဆိုပြီးတော့ အန်တီရယ်၊ မောင်လေး နေထူးဗဆွေပါ ဆုံးဖြတ်ပြီးတော့ အန်အယ်လ်ဒီကို လျှောက်လွှာတင်လိုက်တာပါ။”
မူလပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ပါတီနုတ်ထွက်ခွင့် တောင်းခံခဲ့ရာမှာလည်း ပါတီခေါင်းဆောင်တွေက အလွယ်တကူ လက်ခံခဲ့တယ်လို့လည်း ဒေါ်နေရီဗဆွေက ပြောပါတယ်။
ဒေါ်နေရီဗဆွေဟာ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက် ၀န်ကြီးချုပ် ဟောင်း ဦးဗဆွေရဲ့သမီး ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက် ပွဲ ကာလမှာ ဦးသုဝေ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီနှစ် ရွေးကောက်ပွဲမှာ စမ်းချောင်းမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ အနိုင်မရခဲ့ပါဘူး။
No comments:
Post a Comment