ABC
ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့်ဒုက္ခရောက်နေတဲ့ ဒေသခံတွေဆီကို အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းဖို့အတွက် သွားရောက် ခဲ့ တဲ့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ဟာ လိုင်ဇာမြို့နဲ့ ၁၅မိုင်အကွာကို အရောက်မှာ အစိုးရစစ်ကြောင်းကရှေ့ဆက် သွားခွင့်မ ပြုတဲ့အတွက် လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။
မနေ့က မွန်းလဲပိုင်း ၁ နာရီဝန်းကျင်လောက်က လိုင်ဇာမြို့နဲ့ ၁၅မိုင်အကွာမှာရှိတဲ့ ခါရာတောင်ခြေရင်းက သိမ့်ဆင့် လမ်းခွဲအရောက်မှာ တား ဆီးခံခဲ့ရတာဖြစ်တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူ ကိုနေမျိုးဇင်က အခုလိုပြောပါတယ်။
“လိုင်ဇာမြို့နဲ့ ၁၅မိုင်ပဲကွာပါတယ်၊ ခါရာတောင်ခြေရင်းပေါ့၊ အဲဒီ အထိ ရောက်ရှိ ပြီးတော့ မြန်မာ့ တပ်မတော် စစ်ကြောင်း တကြောင်းက တား ပြီးပြန်လွတ်လို့ ကျနော်တို့ ပြန်လာခဲ့ရပါတယ်။ ကျနော်တို့ဆက်သွားမဲ့ ဧရိယာဝန်းကျင်မှာ တဲ့ လုံခြုံရေးအရ လုံးဝစိတ်မချရဘူး၊ အန္တရယ်ရှိ တယ် ဆိုပြီးမှ ပြန်လွတ်တာပါ။”
မနေ့က နေ့လည်းပိုင်းမှာ ခါရာတောင်ကြောတလျောက် အစိုးရတပ်တွေဘက်ကလက်နက်ကြီး တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက် နက်ကြီးတွေရပ်တာနဲ့ မြေပြင်ထိုးစစ်နဲ့ အပြင်းအထန်ထန် တိုက်ခိုက်မှုတွေကို ညနေပိုင်းအထိ ဆက်လုပ်နေတုံးပဲလို့ ABSDF အဖွဲ့က မနေ့ညနေပိုင်းက ထုတ်ဖေါ်ပြောဆိုခဲ့တဲ့အကြောင်း သိရပါတယ်။
လိုင်ဇာဒေသမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးက မနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ရာမှာ အ ရပ် သားများထိခိုက်သေကြေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို အမေရိ ကန်ပြည်ထောင်စုက ပြင်းထန်စွာ ဆန်ကျင်ကန့်ကွက်တယ်လို့ ဖော်ပြထားတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ် မိုး က သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နကဒေသခံတချို့အစိုးရစစ်တပ်ကနှိပ်စက်
ကချင်ပြည်နယ်က ဒေသခံတချို့ကို မြန်မာအစိုးရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ငြှင်းပမ်းနှိပ်စက်မှုတွေလုပ်နေတယ်လို့ ဟောင်ကောင်အ ခြေ စိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က စွပ်စွဲလိုက်ပါတယ်။
အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က မြန်မာအစိုးရအာဏာပိုင်တွေရဲ့ ဖောက်ဖျက်ကျူးလွန်မှုတွေ ကို အထောက်အထားခိုင်ခိုင်လုံလုံ စု ဆောင်းခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကျူးလွန်မှုပေါင်း ၃၆ မှု စုဆောင်းမိခဲ့တယ်လို့ ကြေငြာလိုက်ပါ တယ်။
ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်နေသူတွေလို့ သံသယရှိသူတွေကို အစိုးရအဖွဲ့တွေက နှိပ်စက်စစ်ဆေးခဲ့ရာမှာ အနှိပ်စက်ခံရတဲ့ သူတချို့ အကြားအာရုံချို့ယွင်းခဲ့တာတွေ၊ ဦးနှောက်ထိခိုက်ခဲ့တာတွေ၊ တသက်လုံး မပျောက်နိုင်တော့တဲ့ ဒဏ်ရာအမာရွတ်တွေ ကိုယ်နဲ့ မျက်နှာပေါ် မှာရခဲ့တာတွေကို မှတ်တမ်းပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တကယ်တမ်းဥပဒေအရ တရားရုံးတင် စစ်ဆေးနိုင်ဖို့ အထောက်အထားမရှိပေမယ့်လည်း တရားမဝင်အဖွဲ့တွေနဲ့ဆက်သွယ်မှုကြောင့် အပြစ် ရှိတယ်လို့ ယူဆချက်အရ အခုလို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက နှိပ်စက်စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ကော်မရှင်ရဲ့ အမှု ဆောင်ဒါရိုက် တာ Bijo Francis က ပြောပါတယ်။
ကလေးစစ်သားအသုံးပြုမှု
မြန်မာအစိုးရတပ်တွေရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ဖက်က ဖမ်းဆီးထိန်း သိမ်းထားခဲ့တဲ့ အစိုးရတပ်ဖက်က ကလေး စစ်သားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က ကြေ ငြာခဲ့ပါတယ်။
ကချင်လက်နက်ကိုင်တပ်ဖက်က အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၈ ယောက်ပြန်လွှတ်ပေးတာကို ILO အဖွဲ့က ကြားဝင်ဆောင် ရွက် ပေး ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကလေးစစ်သားတွေကို အစိုးရတပ်က တရားဝင်လွတ်လပ်ခွင့်ပေးဖို့ဆက်ပြီးတောင်းဆိုသွားမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ILO အဖွဲ့အရာရှိ Steve Marshall က ပြောပါတယ်။
တချိန်ထဲမှာပဲ မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သားစုဆောင်းတာတွေ ရပ်တန့်ပြီး နေရပ်ပြန်ခွင့် ပေးဖို့ အပြည်ပြည်ဆိုင်ရာကလေးစစ်သား ဆိုင်ရာ Child Soldiers International အဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်က တိုက်တွန်းလိုက် ပါတယ်။
ကလေးစစ်သားတွေကို မြန်မာအစိုးရတပ်တွေဖက်မှာသုံးနေသလိုပဲ အစိုးရတပ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ဖက်က လည်း အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ သုံးနေနိုင်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး အခုအချိန်အထိ မြန်မာအစိုးရတပ်တွေကနေ နေရပ်ပြန်ခွင့်ပေးခဲ့တဲ့ ကလေးစစ်သား ၄၂ ယောက်ရှိပြီဖြစ်ပေ မယ့် ဒီအရေအတွက်ဟာ စစ်တပ်ထဲမှာတကယ်ရှိတဲ့ ကလေးစစ်သားအရေအတွက်ရဲ့ အစွန်းထွက်အရေအတွက်လောက်ပဲရှိမယ်လို့ Child Soldiers International အဖွဲ့က ခန့်မှန်းထားပါတယ်။
မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့အကြား ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မှုတွေ အောင်မြင်ဖို့မျှော်လင့်မိကြောင်း ဒါမှလည်း နှစ် ဖက်လုံးက ကလေးစစ်သားသုံးတာတွေကို အဆုံးသတ်ဖို့ သဘောတူညီချက်ရနိုင်အောင် လုပ်နိုင်မှာဖြစ်တဲ့အကြောင်းလည်း ပါရှိပါ တယ်။
အစီရင်ခံစာထဲမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားစုဆောင်းမှုတွေကို စစ်ဆေးတွေ့ရှိရင် မြန်မာအာဏာပိုင်တွေက တာဝန်ရှိသူ တွေ ကို ထိထိရောက်ရောက်အရေးယူဖို့နဲ့ စစ်သားစုဆောင်းရေးလုပ်တဲ့နေရာတွေကို ကုလသမဂ္ဂ အထူးအဖွဲ့က သွားရောက်လေ့လာဖို့အပြင် တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း စေ့စပ်ဆွေးနွေးသွားဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံက ကလေးစစ်သားတွေထဲမှာ အထင်ရှားဆုံးကတော့ အသက် ၁၂ နှစ်အရွယ်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့တဲ့ Johnny ထူးနဲ့ Luther ထူးတို့ပဲ ဖြစ်ပါတယ်။
No comments:
Post a Comment