ABC
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တပါတ်က ရာထူးကနေ အမှုမဲ့ အမှတ်မဲ့ နှုတ်ထွက်သွားတဲ့ ဝန်ကြီး ဦးသိန်း ထွန်းကို အဂတိလိုက်စားမှုနဲ့ခေါ်ယူ စစ် ဆေး နိုင်ဘွယ် ရှိတယ်လို့ သတင်းရ ရှိခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောကြားထားခဲ့ တဲ့ အတိုင်း နှုတ် ထွက် သွားတဲ့ ဝန်ကြီး နဲ့အစိုး ရ ထိပ်တန်း အရာ ရှိ တွေကို စုံစမ်းမေးမြန်း ပြီး အပစ်ထင်ရှားမှု ရှိ ခဲ့ ရင် ထိထိရောက်ရောက် အရေး ယူ သွားဖို့ ရှိတယ်လို့သိ ရ ပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဌာနက အဂတိလိုက်စားမှု နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာန က အရာရှိ အယောက်၂၀ ကို နေပြည် တော်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ - စသုံးလုံး က ခေါ်ယူစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
အဂတိလိုက်စားမှု ကြီးထဲမှာ အစိုးရ အရာရှိ အယောက် ၅၀ကျော် ပါဝင်တယ်လို့ပြောတဲ့အကြောင်းလည်း သိရပါတယ်။ မြန်မာအာဏာ ပိုင် တွေက ဝန်ကြီး ဟောင်း ဦးသိန်းထွန်းကို စောင့်ကြည့်နေပြီး နေပြည်တော် အပြင်ဘက်ကို ခရီးသွားလာခွင့် တားမြစ်ထားတယ်လို့လည်း သိရ ပါတယ်။
ပြီးခဲ့ တဲ့ လပိုင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီ ကို ဖွဲ့စည်းကြေငြာပြီးနောက် အခုလို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာ ရှိတွေကို အထူးစုံစမ်းစစ်ရေးအဖွဲ့က လာဘ်စားမှုနဲ့ ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ် ပါတယ်။
No comments:
Post a Comment