Saturday, January 26, 2013

ဂစ္ဆပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

စိုးမင်း

အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန် လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ည နေ ၆ နာရီခန့်အချိန် ဂစ္ဆပနဒီတံတားအနီးရှိ ပိုက်သည် ကုလားရွာအနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက်တိုက် ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်လှေတွင်ဆန်အိတ် ၄၅ အိတ်ပါရှိပြီးစက်ဆရာ တစ်ဦးတည်းလိုက်ပါခုတ်မောင်းလာနေစဉ် စက်လှေပင် ကာ ပိုက်ကွန်တွင်မိ ၍ စက်ရပ်သွားသည့်အချိန်တွင် လာ ရောက် တိုက်ခိုက်လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝ ကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာ တယ်။ ဂစ္ဆပန ဒီ တံတား နားကို ရောက် တာနဲ့ ပင်ကာက ရေမှာချ ထား တဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွားတယ်။ ပင်ကာ မှာ ငြိမ့် သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာပိုက် သည်ကုလားရွာကကုလားအယောက် ၂၀ ခန့် ထွက်လာ ပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲဒီတော့ ကျနော်လည်း လွတ်ရာလွတ် ကြောင်းဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက် လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက် လာသည့် စက်ဆ ရာက ပြောသည်။

အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ်သိန်းနုရွှေတို့၏ ဆန်စက်မှ ဆန် များ ဖြစ်ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေ အား လိုက်လံရှာဖွေရာ ကုလားတန်မြစ် ထဲ တွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ်များမရှိတော့ကြောင်း သိရသည်။

အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့ တွင် ဆန်အိတ်များကို အ ဆိုပါပိုက်သည်ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရမိကြောင်း နောက်ဆုံး သတင်းပေးကြားချက်အရ သိရသည်။


ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ် စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရသည်။

No comments: