Wednesday, April 10, 2013

ALD မြို့နယ်ရုံးဖွင့်ရန် ခေါင်းဆောင်များ မောင်တောသို့ ရောက်ရှိ


ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မောင်တောမြို့နယ်ရုံးကို ဖွင့်လှစ်ရန်အတွက် ဗဟိုမှ ခေါင်းဆောင် အများအပြားသည် ယနေ့ ဧပြီလ ၉ ရက်နေ့တွင် စစ်တွေမှ တဆင့် မောင်တောသို့ ရောက်ရှိလာကြသည်ဟု သိရသည်။

ရောက်ရှိလာကြသည့် ခေါင်းဆောင်များထဲတွင် ဦးအေးကျော် (ဒုဥက္ကဌ) ၊ ဦးဘကျော်၊ ဦးထွန်းကျော်၊ ဦးကျော်ထွန်းအောင်၊ ဦးလှမောင်နှင့် ဦးစိုးဝင်းတို့ ဖြစ်ကြသည်။

မောင်တောမြို့နယ် ALD ရုံးဖွင့်ပွဲကို ဧပြီလ ၁၀ ရက်နေ့ နံနက်တွင် ပြုလုပ်မည်ဟု သိရသည်။

ALD သည် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲအတွက် လူထု စည်းရုံးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အနှံ့ ဆောင်ရွက်နေရာ မြို့နယ်တိုင်းတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိနေကြောင်း သတင်း ရရှိသည်။

No comments: