Friday, April 19, 2013

ဂျပန်ဝန်ကြီးချုပ်နဲ့ ဒေါ်စုတို့တွေ့ဆံ

ABC

မြန်မာနိုင်ငံဒီမိုကရေစီအရေးနဲ့ ​စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဂျပန်နိုင်ငံက ​တတပ်တအား ​ဆက်ပြီးထောက်ပံ့ကူညီသွားမယ်လို့ ​ဂျန်ပန်နိုင်ငံ ​၀န်ကြီးချုပ် ​ရှင်ဇိုအာဘေက ​ မြန်မာ့အတိုက်အခံပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့မနေ့က ​တိုကျိုမြို့မှာ ​တွေ့ဆုံအပြီး ​ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​အနာဂတ်ရည်မှန်းချက် ​တွေအတွက် ​ဂျပန်နိုင်ငံက ​ထောက်ပံ့ကူညီ ​သွားမှာဖြစ်ပြီး ​အဓိကအားဖြင့် ​ပညာရေးစနစ်နဲ့ ​စိုက်ပျိုးရေးကဏ္ဍတွေမှာ ​နီးနီးကပ်ကပ် ​ပိုမိုပူးတွဲ ​လုပ်ဆောင်သွားမယ်လို့ ​ဂျပန်နိုင်ငံဝန်ကြီးချုပ် ​ရှင်ဇိုအာဘေကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုနဲ့ ​ဂျပန်ဝန်ကြီးချုပ်တို့ ​အခုတွေ့ဆုံမှုဟာ ​နှစ်ဆယ့်ခုနှစ်နှစ်အတွင်း ​ပထမ ​ဦးအဆုံး ​အကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်အစိုးရနဲ့အတူ ​ဂျပန်ပုဂ္ဂလိကနယ်ပယ်ကလည်း ​မြန်မာနိုင်ငံရဲ့ ​အခြေခံအဆောက်အဦး ​လုပ်ငန်းတွေအတွက် ​ထောက်ပံ့ကူညီသွားမယ်လို့ ​တွေ့ဆုံပွဲမှာပါဝင်တဲ့ ​အစိုးရအရာရှိတဦးက ​ပြောပါတယ်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေက ​ဂျပန်နိုင်ငံ ​ပညာရေးနဲ့ပတ်သက်တဲ့ ​ညကျောင်းတက်စနစ်တွေ ​ကျောင်းတက်ရင်း ​အလုပ်လုပ်ကြသူတွေ ​အကြောင်းကိုပါ ​တွေ့ဆုံဆွေးနွေးမှုမှာ ​ရှင်းပြသွားခဲ့တယ်လို့ ​အစိုးရအရာရှိက ​ပြောပါတယ်။

၂၀၁၁ခုနှစ် ​မြန်မာနိုင်ငံ ​ဒီမိုကရေစီအသွင် ​ပြုပြင်ပြောင်းလဲရေး ​စတင်ပြုလုပ်လာတဲ့နောက်ပိုင်း ​ဂျပန်နိုင်ငံက ​ပြုပြင်ပြောင်းလဲရေး ​ပိုမိုမြန်မြန်ဆန်ဆန် ​လုပ်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံကို ​နှစ်ဆယ့်ခြောက်နှစ်ကြာချေးငွေ ​ပိတ်ပင်ခဲ့ရာကနေ ​ပြန်လည် ​ချေးငှားခဲ့ပါတယ်။

ဂျပန်စီးပွားရေးသမားတွေကိုလည်း ​သဘာဝသံယံဇာတ ​ကြွယ်ဝသလို ​ကြိုးပမ်းမှုရှိပြီး ​ဈေးနှုန်းသက်သာတဲ့ ​အလုပ်သမားတွေ ​များများရှိတဲ့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​လုပ်လာကြပါတယ်။

ဂျပန်နိုင်ငံကိုခြောက်ရက်ကြာ ​သွားရောက်လည်ပတ်ဖို့အတွက် ​ဂျပန်နိုင်ငံခြားရေးဌာနက ​မြန်မာနိုင်ငံသာမက ​တကမ္ဘာလုံးမှာ ​သြဇာလွမ်းမိုးမှုရှိတဲ့ ​နိုဘယ်လ်ငြိမ်းရေးဆုရှင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ ​ဂျပန်နိုင်ငံက ​တရားဥပဒေရေးရာဝန်ကြီး ​ဆာဒါခါဆူ ​ထာနီကာခီ ​(Sadakazu ​Tanigaki)နဲ့လည်း ​တွေ့စကားပြောခဲ့ပြီး ​မြန်မာနိုင်ငံက ​ဥပဒေနဲ့တရားစီရင်ရေး ​စနစ်တိုးတက်ဖို့အတွက် ​ကူညီပေးဖို့ ​ဒေါ်အောင်ဆန်းစုကြည်က ​တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံကတီထွင်တဲ့စက်မှုလုပ်ငန်းတွေ ​ဖြစ်တဲ့ ​ခြောက်ရာသုံးလေးမီတာအမြင့်ရှိ ​Tokyo ​Skytree၊ ​ကမ္ဘာအမြင့်ဆုံး ​အသံလွင့်ဌာန ​တိုက်ကြီးနဲ့ ​ဂျပန် ​ပင်လယ်အော်ဒေသမှာရှိတဲ့ ​Panasonic ​ကော်ပိုရေးရှင်း ​ပြခန်းတွေကိုလည်း ​ဒေါ်အောင်ဆန်းစုကြည်ကသွားရောက်လည်ပတ်ခဲ့ပါတယ်။

လာမယ့် ​၂၀၁၅ခုနှစ်ကျရင် ​မြန်မာနိုင်ငံဒီမိုကရေစီပြုပြောင်းလဲအတွက် ​အဓိကပါဝင်တဲ့ ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ​မြန်မာနိုင်ငံ ​လွှတ်တော်မှာ ​အာဏာရလာနိုင်ဖွယ်ရှိတယ်လို့ ​နိုင်ငံရေးသုံးသပ်တွေက ​ပြောပါတယ်။

No comments: