Friday, April 12, 2013

ရိုဟင်ဂျာအရေးကို ဦးသိန်းစိန်က အချိန်ယူစဉ်းစားပေးဖို့ ရှိတယ်လို့ ကုလပြော

ABC

သမ္မတ ​ဦးသိန်းစိန်က ​နိုင်ငံသားမဲ့ ​ဖြစ်နေတဲ့ ​ရိုဟင်ဂျာတွေနဲ့ ​ပတ်သက်ပြီး ​အချိန်ယူ ​စဉ်းစားပေးသွားဖို့ ​ရှိတယ်လို့ ​မြန်မာနိုင်ငံဆိုင်ရာ ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​Vijay ​Nambiar ​က ​ABC ​ကိုပြောပြခဲ့ပါတယ်။

ရေ ​တို ​မှာ ​ရော ​ရေရှည် ​မှာ ​ပါ ​ဖြေ ​ရှင်း ​ချက် ​ဖေါ်ထုတ် ​ဆောင်ရွက် ​သွားဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံရဲ့ ​ပြုပြင် ​ပြောင်းလဲ ​ရေးတွေ ​ဟာလဲ ​မျှော်မှန်းထားတဲ့ ​လမ်းကြောင်းပေါ်မှာ ​ဆက်လက် ​တိုးတက် ​ထွန်ကား ​နေတယ်လို့ ​ပြောသွါးပါတယ်။

မြန်မာနိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန်က ​ရိုဟင်ဂျာ ​အရေးနဲ့ ​ပတ်သက်ပြီး ​ဖြေရှင်းဖို့ ​အခိုင်အမာ ​ဆုံးဖြတ်ထားပြီး ​ဖြစ်တယ်လို့ ​ကုလသမဂ္ဂ ​မြန်မာ ​နိုင်ငံဆိုင်ရာ ​အထူးကိုယ်စားလှယ် ​Vijay ​Nambiar ​က ​ပြောပြပါတယ်။

မြန်မာ ​နိုင်ငံမှာ ​မကြာသေးခင်က ​ဖြစ်ပွါးသွားခဲ့တဲ့ ​အကြမ်းဖက်မှု ​တွေကို ​နိုင်ငံတကာ ​ကနေ ​လူ့အခွင့်အရေး ​ချိုးဖေါက် ​ကျူးလွန်မှုတွေလို့ ​ဝေဖန် ​နေချိန်မှာ ​ကုလ ​အထူးကိုယ်စားလှယ် ​Vijay ​Nambiar ​က ​အကြမ်းဖက်မှုတွေဟာ ​နောက်ထပ် ​အခြေအနေ ​ပိုပြီး ​ဆိုးဝါးလာမှု ​မရှိဘူးလို့ ​ABC ​ကိုပြောပြ ​သွားပါတယ်။

မြန်မာအစိုးရ ​အနေနဲ့လဲ ​အကြမ်းဖက်မှုကို ​ထိန်းသိမ်း ​ကိုင်တွယ်သွားမှာကို ​သူ့အနေနဲ့ ​ယုံကြည်တဲ့ ​အကြောင်း၊ ​သမ္မတ ​ဦးသိန်းစိန်ကလဲ၊ ​နိုင်ငံသားမဲ့ ​ဖြစ်နေတဲ့ ​ရိုဟင်ဂျာတွေနဲ့ ​ပတ်သက်ပြီး ​အချိန်ယူ ​စဉ်းစားပေး ​သွားဖို့ရှိတယ်လို့ ​Vijay ​Nambiar ​က ​ABC ​နဲ့ ​ဆက်သွယ်မေးမြန်းခန်းမှာ ​ပြောပြသွားပါတယ်။

လက်ရှိမှာတော့ ​မြန်မာ ​နိုင်ငံမှာ ​ဖြစ်ပေါ်လာနေတဲ့ ​အပြောင်းအလဲတွေဟာ ​ပြည်သူအားလုံး ​အနေနဲ့ ​အကျိုးခံစား ​နိုင်ဖို့ ​အချိန်ယူ ​နေရသေးတယ်လို့ ​သမ္မတက ​ပြောတဲ့ ​အကြောင်း ​ပြန်ပြောပြ ​သွားပါတယ်။

မြန်မာ ​နိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲ ​ရေးတွေဟာလဲ ​မျှော်မှန်းထားတဲ့ ​လမ်းကြောင်းပေါ်မှာ ​ဆက်လက် ​တိုးတက်ထွန်ကား ​နေတယ်လို့ ​ပြောသွါးပါတယ်။

မြန်မာ ​နိုင်ငံမှာ ​ရိုဟင်ဂျာတွေကို ​ဘင်္ဂလာဒေ့ရှ ​နိုင်ငံက ​တရားမဝင်ပြောင်းရွေ့ ​နေထိုင်လာသူတွေလို့ ​သတ်မှတ်ထားပြီး ​အစိုးရ ​အနေနဲ့ ​ဒီလူမျိုးစု ​ပြဿနာနဲ့ ​ပတ်သက်ပြီး ​ရေတိုမှာရော ​ရေ ​ရှည်မှာပါ ​ဖြေရှင်းချက်တွေကို ​ချမှတ်ဆောင် ​ရွက်သွားရမှာကို ​နားလည်တယ်လို့ ​Vijay ​Nambiar ​က ​ABC ​နဲ့ ​ဆက်သွယ်မေးမြန်းခန်းမှာ ​ပြောပြသွားပါတယ်။

No comments: