Tuesday, April 16, 2013

လွဲမှားစွာ ထင်မြင်ယူဆ ခံနေရသော “ ၉၆၉ ” (သို့) ရတနာသုံးပါး

ဒေါင်းမြရင်

လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်က စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ လွတ်လပ်စွာ ဖော်ဆောင်နိုင်တယ် ဆိုပေမယ့် မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ မွတ်ဆလင်တွေအားလုံးဟာ နိုင်ငံသားဖြစ်မဖြစ်ကို အရင်စီစစ်ပြီးမှ လုပ်ပိုင်ခွင့် ပြုဖို့တော့ လိုပါလိမ့်မယ်။ မိမိအခွင့်အရေးကြောင့် သူတစ်ပါး အခွင့်အရေးကို မိထိခိုက်စေရလို့ လူ့အခွင့်အရေးက ဆိုထားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံအတွင်း တရားမ၀င်နေထိုင်တဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့ရလိုမှု အခွင့်အရေးကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးတွေကို ထိခိုင်နေတယ်ဆိုတာကို အစိုးရနှင့် ပြည်သူတွေ သိဖို့လိုပါတယ်။ အထူးသဖြင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ ပြည်သူထဲက သတင်းသမားတွေ၊ အစိုးရဌာက တာဝန်ရှိ ပုဂ္ဂိုလ်တွေ ၉၆၉ ဆိုတာဘာလဲ၊ ၉၆၉ ဘယ်က စလဲ၊ ၉၆၉ ဘာကြောင့် ပေါ်ပေါက်လာရသလဲဆိုတာကို ရှာတတ်ဖို့လိုပါတယ်။

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရနာဆိုတဲ့ ရတနာသုံးပါးဟာ အဖိုးအနဂ္ဃထိုက်တန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်ရာဖြစ်တယ်။

မြတ်ဗုဒ္ဓဟာ ပဉ္စဝဂ္ဂီ ၅-ဦးတို့အား တရားဦးအဖြစ်မိဂဒါဝုန်တွင် "ဓမ္မစက္ကပဝတ္တနသုတ်" ဓမ္မစကြာတရားတော်ကို ဟောကြားပြီးနောက် ဘုရားဖြစ်ကြောင်း ဝန်ခံခဲ့ရာမှ ဗုဒ္ဓဟူသော "ဘုရားရတနာ" ဖြစ်လာခဲ့တယ်။

ထိုနောက် "အနတ္တ လက္ခဏသုတ်" သုတ်တော်ကို ဆက်လက်ဟောကြားခဲ့ရာ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ပဉ္စဝဂ္ဂီ ၅-ဦးတို့ ရဟန္တာဖြစ်ကြလေရာ ထိုနေ့ကား ဗုဒ္ဓဘာသာသမိုင်းတွင် "ရဟန္တာ" နေ့ဟု တွင်ခဲ့ရာ "တရားရတနာ" စတင် ပေါ်လာခဲ့တယ်။

အလားတူပင် ဗုဒ္ဓ၏တရားတော်ကြောင့် ပဉ္စဝဂ္ဂီ ၅ ဦးတို့သည် ရဟန္တာများအဖြစ်လည်းကောင်း၊ ယဿ သတိုးသားနှင့် အပေါင်းအပါ ၅၅ ဦးတို့ လူသားရဟန်းများ အဖြစ်လည်းကောင်း ၆၀ ဦးသော"သံဃာရတနာ" စတင်ပေါ်လာခဲ့တယ်။

ဒီလို ဖြူစင်၊ သန့်ရှင်း အပြစ်ကင်စင်တဲ့ ရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို ဗုဒ္ဓဘာသာ အပါအ၀င် အခြားသော ဘာသာဝင်တွေလည်း လွဲမှားစွာ ထင်မြင်ယူဆလာနေတာကို တွေ့မြင်လာရတယ်။ ဗုဒ္ဓဘာသာကို အခြားသော ဘာသာဝင်တွေက မသိနားမလည်၍ အပြစ်တင်၊ ဝေဖန်၊ ပြောဆိုနေတာကို ခံစား၍ ရနိုင်သော်လည်း ဗုဒ္ဓဘာသာဝင်တွေက မိမိတို့ ကိုယ်းကွယ်ယုံကြည်လာသော ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ ဂုဏ်တော်၏ အမှတ်အသား တံဆိပ်ဖြစ်သော "၉၆၉" ကို လွဲမှားစွာ ထင်မြင်ယူဆနေတာကို တွေ့ရ၍ ၀မ်းနည်းမိပါတယ်။

ဘုရား၏ သားတော်များဖြစ်တဲ့ ရဟန်းသံဃာတွေက မိမိတို့ ဗုဒ္ဓဘာသာ ကွယ်ပျေက်မည်ကိုစိုးရိမ်၍ ဗုဒ္ဓဘာသာ အဓွန့်ရှည်ရန် ကြိုးစားအားထုတ်နေကြရတယ်။

" ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေက သွားလည်း စည်းကမ်းမရှိ၊ လာလည်း စည်းမရှိ၊ စည်းမဲ့ ကမ်းမဲ့နေတာကို စည်းစနစ်ကျကျ နေတတ်၊ ထိုင်တတ်အောင်၊ ကိုယ့်စည်းကို လုံအောင်၊ ကိုယ့်အမျိုးကို ချစ်တတ်အောင်၊ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ တို့လူမျိုးတွေ သင့်သင့်မြတ်မြတ်၊ ညီညီညွတ်ညွတ်နေမယ်ဆိုရင် ဘာသာခြား၊ လူမျိုးခြား အန္တရာယ်တွေကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊ ယုံကြည်မှုနှင့်အတူ ကိုယ့်စည်းကို ကာကွယ်ဖို့ရန်အတွက် ၉၆၉ ကိုလုပ်ဆောင်ချက်ဖြစ်တယ်။ " ဆိုပြီး သာသနပါလက ဂဏ၀ါစက သံဃာ့အဖွဲ့ ဒုတိယ ဥက္ကဌ အရှင်ဝိမလာဘိဝံသ (ဟိတဓရ ဆရာတော် ) ကမိန့်ကြားခဲ့တယ်။

၉၆၉ ဆိုတာက မိမိတို့ ဗုဒ္ဓဘာသာကို လေးစားဖို့၊ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ကိုယ့်လူမျိုးကို ချစ်တတ်ပြီး ချစ်ခင်၊ စည်းလုံးညီညွတ်ဖို့၊ ရတနာသုံးပါးကို မမေ့ကြဖို့၊ ဘာသာာရေး အသိစိတ်ဓါတ်တွေ တိုးပွါးလာပြီး ဘာသာတရားကို ကိုင်းရှိုင်းကာ စည်းစနစ်ကျကျနဲ့ နေတတ်၊ ထိုင်တတ်၊ သွားတတ်၊ လာတတ် စားသောက်တတ်ရန် ဆရာတော်၊ သံဃာတော်တွေက ၉၆၉ ကို အသုံးပြုပြီး ဘာသာရေ အသိညဏ်၊ လူမျိုးရေ အသိညဏ်ပေးနေကြတယ်။

ဘာသာနှင့် လူမျိုး မကွယ်ပျေက်ရန်အတွက် ယင်းဘာသာဝင်နှင့် ယင်းလူမျိုးစုဝင်တွေဟာ တာဝန်အရှိဆုံးဖြစ်သလို ယင်းနိုင်ငံတစ်နိုင်ငံ၏ အစိုးရတွင်လည်း လူမျိုးတစ်မျိုးနှင့် ဘာသာရေးကို လေးစားလိုက်နာသည့်အနေဖြင့် ကာကွယ်ပေးရန် တာဝန်ရှိတယ်လို့ ထင်ပါတယ်။


မွတ်ဆလင်တွေဟာ ၇၈၆ ဆိုတဲ့ အမှတ်တံဆိပ်နှင့် ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ ရည်ရွယ်ပြီး နည်းလမ်းအမျိုးမျိုးနှင့် ကြိုးစာလာကြတယ်။ နိုင်ငံသားတွေရဲ့ စီးပါးရေး ချွတ်ခြုံကျနေမှုကို အခွင့်ကောက်ယူက မြန်မာအမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနှင့် လက်ထပ်ယူကြတယ်၊ လူမျိုးရေးတိုးပွါးမှုကို စစ်လက်နက်ကြီးသဖွယ် အသုံးပြုပြီးတော့ နိုင်ငံအတွက် မွတ်ဆလင်တွေ တိုးပွားအောင် လုပ်ဆောင်နေတယ်ဆိုတာ အစိုးရနှင့် ပြည်သူတွေ မျက်မြင်ကိုယ်တွေ့ဖြစ်ပါလိမ့်မယ်။

ပြည်ပ အစ္စလာမ်စ် နိုင်ငံတွေက ကူညီထောက်ပံ့ပေးတဲ့အားကိုယူပြီး စီးပွါးရေးအရ နယ်ချဲ့ကာ တစ်နိုင်ငံလုံးရှိ စီးပွါးရေးလုပ်ကွက်တွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာကြတယ်။ ရပ်ရွာအဆင့် ဈေးဆိုင်ကအစ မြို့ကြီးများထိ လူသုံးကုန်း ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်တွေမှာ မွတ်ဆလင်များသာ အများဆုံးဖြစ်နေတယ်ဆိုတာကို ပြောဖို့မလိုပဲ ကိုယ်တိုင် သိနေကြပါလိမ့်မယ်။ မွတ်ဆလင်များ လှုပ်ရှားမှုတွေဟာ ကွပ်လပ်တနေရာမရှိ လူမှုရေးနှင့် နိုင်ငံရေးအပြင် အစိုးရဌာနတွေမှာ ရတဲ့နည်းနဲ့ ၀င်ရောက်လုပ်ကိုင်နေကြတယ်။ ဒီလက္ခဏာတွေကို ကြည့်ချင်းအားဖြင့် မွတ်ဆလင်များတွေဟာ ၇၈၆ ဆိုတဲ့ သင်္ကေတကို ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒီလို ရည်ရွယ်ချက်ကြီးကြီးနှင့် လုပ်ဆောင်နေတာကို နိုင်ငံတော် အစိုးရအနေနှင့် လက်ပိုက်ကြည့်နေမယ်ဆိုရင် မကြာခင်အချိန်မှာ မြန်မာနိုင်ငံသည် အစ္စလာမ် ဘာသာကိုယ်းကွယ်တဲ့ မွတ်ဆလင် နိုင်ငံဖြစ်သွားမှာ သေချာပါတယ်။ အဲဒီလို နိုင်ငံမျိုးအဖြစ်ကို အရောက်မခံနိုင်တဲ့ ဒေသခံတိုင်းရင်းသားနှင့် သံဃာတော်တွေဟာ တိုင်းချစ်၊ ပြည်ချစ်စိတ်ဓါတ်နဲ့ မိမိတို့ အမျိုးဘာသာ သာသနာ မပျက်သုန်းရလေအောင် အစွမ်းမရောက်သော ဘာသာရေး အယူဝါဒနှင့် ဥပဒေဘောင်အတွင်းက ကာကွယ်လာတာကို အကြမ်းဖက်တယ်ဆိုပြီး ထင်မြင်ယူဆ၊ စွပ်စွဲလာတယ်။

အစ္စလာမ် ဘာသာဝင်တွေကို မဆိုထားနဲ့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က ၉၆၉ သည် အဖွဲ့အစည်း၊ ၉၆၉ သည် လှုပ်ရှားမှု၊ ၉၆၉ သည် အကြမ်းဖက် အဖွဲ့ဆိုပြီး ပြစ်တင်၊ ဝေဖန်တဲ့ စကားလုံးတွေ သုံးလာကြတယ်။ ဒါကြောင့် ၉၆၉ ကို ပြစ်တင် ဝေဖန်ပြောဆိုခြင်းသည် မိမိတို့ ယုံကြည်ကိုယ်းကွယ်တဲ့ ရတနာသုံးပါးကို ပြောတာနဲ့တူနေပါလိမ့်မယ်။

မတ်လ ၂၈ ရက်နေ့က မြန်မာ့သံတော်ဆင့်မှာ နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ဦးက " ရခိုင်ဘက်ကို တရားဟောသွားတဲ့ ၉၆၉ အဖွဲ့တွေရှိတယ်၊ အဲဒီအဖွဲ့တွေက ၀င်လာပြီးတော့ ပြည်မှာတွေ့တယ်၊ ပြည်က လက်မခံဘူး၊ လက်မခံတဲ့အခါမှ ကားနဲ့ ဆင်းသွားခဲ့အခါ တောက်လျှောက် အဲဒီမြို့တွေမှာ တွေ့တွေ့သွားတာပေါ့ ၊ ရခိုင်ဘက်ကကျတော့ သူတို့ချည်းပဲဖြစ်နေလို့ ဘယ်လိုမှ ကိုယ်ချင်းစာမှာ မဟုတ်ဘူး၊ ဒီဘက်မှာ ဖြစ်မှ ကိုယ်ချင်းစာမယ် ဆိုတဲ့စိတ်တွေရှိတယ်၊ ဒါကြောင့် ပြန်သွားတဲ့ အဖွဲ့တွေက လုပ်တယ်လို့ ထင်တာပဲ။ "ဆိုပြီး ပဲခူးမှာ ဖြစ်တဲ့ ပဋိပက္ခမှာ ရခိုင်နှင့် ၉၆၉ (သို့) ရတနာ သုံးပါးကို ပြစ်တင်ဝေဖန် ပြောဆိုထားတယ်၊ ဒီပြောဆို ဝေဖန်ချက်ဟာ သတင်းရေးတဲ့လူ အနေဖြင့် လုပ်ကြံဖန်တီးရေတာလား၊ သို့တည်းမဟုတ် သမ္မရုံးက ပြောစကားလားဆိုတာကို စာဖတ်သူတွေ အနေနဲ့လည်း စဉ်စားကြဖို့လိုပါလိမ့်မယ်။ အမှန်တကယ် သမ္မတ ရုံးနဲ့ နီးစပ်သူတစ်ဦးဆိုရင် သမ္မတရုံးမှာ တာဝန်ရှိပါလိမ့်မယ်။

မတ်လ ၂၉ ရက်နေ့က ဧရာဝတီ သတင်းဌာနမှာ "အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား" ဆိုတဲ့ ဆောင်းပါးကို သာလွန်ဇောင်းထက်က ရေးသားဖော်ပြထားပါတယ်။ ဒီဆောင်းပါးပိုင်ရှင်က အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်လူမျိုးလား၊ သို့တည်းမဟုတ် ဗုဒ္ဓဘာသာဝင် လားဆိုတာကိုတော့ အယ်ဒီတာသာ သိပါလိမ့်မယ်။ ဆောင်းပါးရဲ့ အစမှာကတည်းက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက် ရေးသားထားတယ်။ အကြမ်းဖက်မှု ဖြစ်ပေါ်လာရတာဟာလည်း ၉၆၉ ရဲ့ သွေးထိုးလှုံဆော်မှုကြောင့် ပေါ်ပေါက်လာရတဲ့ အနေအထားကို ရေးသားထားတယ်။

" နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။ ၉၆၉ ဖြစ်စဉ်တွေကိုတော့သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား။ " ဟု ဦးမြင့်ဦးက ဆိုတယ်။" ဆိုပြီး ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားထားတယ်။

ဒီနေရာမှာ သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးဟာ ဗုဒ္ဓဘာသာကော ဟုတ်ပါရဲ့လား၊ သို့တည်းမဟုတ် သာသနာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ပြီး ဗုဒ္ဓဘာသာရဲ့ အကြောင်းကို တစိုးတစေ့မျှ မသိရှာလေသလား၊ ၉၆၉ က အဖွဲ့အစည်း တစ်ခု မဟုတ်ဘဲနှင့် ဘာ့အတွက်ကြောင့် မှတ်ပုံတင်ခြင်းမျိုးကို လုပ်ဆောင်ရပါမည်နည်း။

မဇ္ဈိမသတင်းဌာနမှာ ဧပြီလ ၅ ရက်နေ့က ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည် ဆိုပြီးတော့ "ယုံကြည်မြတ်နိုး ၉၆၉ နှင့် ၎င်း၏ဂယက်များ" ရေးသားဖော်ပြထားတယ်၊ ဒီဆောင်းပါး တစ်ပုဒ်လုံးတွင် ကိုယ်းကားဖော်ပြထားခြင်းခံရသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဘဲဖြစ်တယ်၊ ဒါပေမယ့် ဒီဆောင်းပါးမှာ ပါတဲ့ သူတွေဟာ ဗုဒ္ဓဘာသာအကြောင်းကို တစိုးတစေ့မျှ နားလည်းဟန် မတူပါ၊ "သူများယောင်လို့ လိုက်ယောင် အမောင်ယောင် တောင်မှန်း မြောက်မှန် မသိ" ဆိုတာမျိုး ဖြစ်နေတယ်။ ဒီလူတွေက ဘာသာရေးကို လာဘ်လာဘလိုချင်လို့ ကိုယ်းကွယ်နေဟန်တူတယ်။ ရေးသူတွေအနေနဲ့ ထိုသို့သော ပုဂ္ဂိုလ်မျိုးများနဲ့ တွေ့ဆုံးရသည်မှာ ဆောင်းပါးတစ်ပုဒ်ရေးဖို့ အခွင့်သာခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့်  ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။" ဆိုပြီးရေးသားထာဟာ ၉၆၉ နှင့် ၎င်း၏ဂယက်များလို့ ခေါင်းစဉ်တပ် ရေးထားတဲ့အတွက် အဓိကရုဏ်း ဖြစ်ပွားမှုအားလုံးသည် ၉၆၉ ကြောင့်ဆိုပြီး လက်ညိုး ထိုးလိုက်သလိုမျိုး ဖြစ်နေတယ်။

မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူမှ " ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင်ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ " ဟု The Voice Weekly နှင့် တွေ့ဆုံမေးမြန်းချက်မှာ ပြောထားပါတယ်။ ဆရာတော်အနေနဲ့ဘာကို ရည်ရွယ်ပြီးပြောတာလဲတော့ မသိ။ စာရေးသူအနေနဲ့ စဉ်စားနေသည်မှာ ဆရာတော်အနေနဲ့ အမှတ်တကယ် ၇၈၆ နဲ့ ပတ်သက်ပြီးကြေညာလျှင် ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာဂုဏ်တော် (၉)ပါးကို မည်သို့ ရပ်တန့်ပါလိမ့်မည်။

" ဘုန်းဘုန်းတို့က ၉၆၉ ကို လှုပ်ရှားမှု တရပ်အနေနဲ့ လုပ်နေတာမဟုတ်၊ ၉၆၉ က လှုပ်ရှားမှုလည်း မဟုတ်ဘူး၊ ၉၆၉ က အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာ့ဂုဏ်တော် (၉)ပါးကို အမှတ်တံဆိပ်ဖြစ်တဲ့ ၉၆၉ က ဗုဒ္ဓဘုရားပွင့်ပြီး ကတည်းက ပေါ်လာတာပါ၊ ဗုဒ္ဓဘာသာ အားလုံးက ၉၆၉ ကို ဦးထိုက်ပန်ဆင်ပြီတော့ သာသနာ မကွယ်မချင်း လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ " ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုယ်စားပြုတဲ့ ၉၆၉ ကို အိပ်ရင်လည်း ၉၆၉၊ နိုးရင်လည်း ၉၆၉၊ စားရင်လည်း ၉၆၉၊ သေရင်တောင် ၉၆၉ " ဆိုပြီးတော့ ဟိတဓရ ဆရာတော်က မိန့်ကြားခဲ့တယ်။

ဘာသာတရားရဲ့ အဆုံးအမအောင်မှာ မိမိတို့ကြိုးစားမှုနှင့် စီးပွါးရေးတိုး တက်လာအောင်၊ (၉၆၉) ကို ဆောင်ထားခြင်းအားဖြင့် လာဘ်လာဘ တိုးပွါးခြင်းကို မဆိုလို)၊ ဘာသာတရားရဲ့ အဆုံးအမအောင်မှာ ယဉ်ကျေးသိမ်မွေ့ပြီး အစွမ်းမရောက်သော အယူဝါဒဖြင့် အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး (၉၆၉) အမှတ်တံဆိပ်ကို ဖော်ဆောင်ကာ ဘာသာရေး၊ လူမျိုးရေး၊ မကွယ်ပျောက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း နားလည်သဘောပေါက်သင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ (၉၆၉) ကို မြင်လိုက်တိုင်း ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာ့ဂုဏ်တော် (၉)ပါးကို အမှတ်ရလေအောင်အတွက် ဆရာတော်၊ သံဃာတော်တွေက ဖော်ဆောင်ထားဟန် တူပါတယ်။ စာရေးသူ အနေနဲ့ ဤလုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓဘာသာ မကွယ်ပျောက်ရအောင် သာသနာပြုသော နည်းလမ်းတစ်ခုဟု တွေးနေမိပါတယ်။

No comments: