Thursday, April 18, 2013

သမိုင်းဝင် ပင်လုံ၌ နေ့ခင်းကြောင်တောင် ဗုံးပေါက်ကွဲ

သျှမ်းသံတော်ဆင့်

ယနေ့မွန်းတည့်ချိန် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ရွှေတိဂုံပုံတူစေတီတော်ဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ပင်လုံမြို့ခံများကပြောသည်။

ဧပြီလ ၁၇ နေ့လည်(၁၂: ၃၀)နာရီအချိန်တွင် ရွှေတိဂုံပုံတူ မဟာရဌာဘိသာမဂ္ဂီ စေတီတော်ဝင်း အတွင်း ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး လက်သည်တော့မသိရသေးကြောင်း ပင်လုံမြို့ခံ ဦးစိုင်းကပြောသည်။ သေကြေဒဏ်ရာရမှုကိုမူ စုံစမ်းနေဆဲဖြစ် သည်။

ရွှေတိဂုံပုံတူစေတီတော်သည် ပင်လုံမြို့တွင်း သမိုင်းဝင်ပြည်ထောင်စုကျောက်တိုင်ဝင်းအတွင်း တွင်တည်ရှိသည်။

No comments: