Thursday, April 18, 2013

ဆီးဂိမ်းအတွက် မြန်မာအားကစားသမား တရုတ်မှာသွားရောက်လေ့ကျင့်

ABC

မြန်မာနိုင်ငံက ​အားကစားသမား ​၁၁ ​ဦးဟာ ​သုံးလကြာ ​လေ့ကျင့်ရေးသင်တန်းအတွက် ​တရုတ်နိုင်ငံမှာ ​ရောက်ရှိနေပြီး ​အရှေ့တောင်အာရှ ​အားကစားပွဲတော် ​ဆီးဂိမ်းအတွက် ​ပြင်ဆင်တဲ့အနေနဲ့ ​ရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​ပြေးခုန်ပြစ် ​အားကစားသမား ​၁၁ ​ဦးပါဝင်တဲ့ ​အသုတ်ဟာ ​မြန်မာနိုင်ငံကနေ ​တရုတ်နိုင်ငံကို ​သွားမယ့် ​ပြေးခုန်ပြစ် ​အားကစားသမားတွေထဲက ​ပထမဦးဆုံးအသုတ်ဖြစ်ပြီး ​နောက်ထပ် ​ကိုးသုတ်က ​နောက်ပိုင်းမှာ ​သွားရောက်မယ်လို့ ​IANS ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ​အားကစားသမား ​အယောက်ပေါင်း ​၁၇၆ ​ယောက်ကို ​သင်တန်းပေးဖို့ ​တရုတ်နဲ့ ​မြန်မာနှစ်နိုင်ငံတို့က ​သဘောတူခဲ့ပြီးနောက် ​ခုလို ​နှစ်နိုင်ငံ ​ကစားသမားတွေအတွက် ​ပူးပေါင်းသင်တန်း ​ပြုလုပ်ပေးတာဖြစ်ပါတယ်။

သင်တန်းကို ​ဧပြီလနဲ့ ​အောက်တိုဘာလအတွင်း ​ပြုလုပ်မှာဖြစ်ပြီး ​တရုတ်နိုင်ငံ ​ဝူဟန်၊ ​ချန်ရှာနဲ့ ​ကူမင်းမြို့မှာ ​သင်တန်းပေးမှာဖြစ်ပါတယ်။

မြန်မာ ​ပြေးခုန်ပြစ် ​အားကစားသမားတွေကို ​တရုတ်နိုင်ငံက ​အတွေ့အကြုံရှိတဲ့ ​နည်းပြတွေက ​သင်တန်းပေးမှာဖြစ်ပြီး ​အားကစားအသုံးအဆောင်ပစ္စည်းကောင်းတွေကို ​အသုံးပြုကြမယ်လို့လည်း ​ဖော်ပြထားပါတယ်။

၂၀၁၃ ​ခုနှစ် ​အရှေ့တောင်အာရှနိုင်ငံများ ​အားကစားပွဲတော် ​ဆီးဂိမ်းကို ​ဒီဇင်ဘာလ ​၁၁ ​ကနေ ​၂၂ ​ရက်အထိ ​မြန်မာနိုင်ငံ ​နေပြည်တော်၊ ​ရန်ကုန်၊ ​မန္တလေးနဲ့ ​ငွေဆောင်ကမ်းခြေတွေမှာ ​ပြုလုပ်မှာဖြစ်ပြီး ​မြန်မာနိုင်ငံက ​အိမ်ရှင်အဖြစ် ​ကျင်းပမှာ ​ဖြစ်ပါတယ်။

No comments: