Friday, April 5, 2013

ဘင်္ဂလာဒေခ်ျ့မှာ ဟိန္ဒူဘာသာရေး ကျောင်းများ ဆက်လက် တိုက်ခိုက်ခံနေရ

နိရဉ္စရာ

မန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ဟိန္ဒူဘုရား ရှိခိုးကျောင်းတွေ ဆက်လက် တိုက်ခိုက် ဖျက်ဆီး ခံနေကြရပါတယ်။

ယမန်နေ့ နံနက်ကလည်း Bagarhat ခရိုင် Morelganj မြို့နယ်က ဟိန္ဒူ ဘုရား ကျောင်းတစ်ခု ရုပ်ထုတွေကို ၀င်ရောက် ဖျက်ဆီးပြီး နောက်ပိုင်းမှာ ဟိန္ဒူ နတ်ဘုရား ရုပ်တွေကို မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထုတ် The Daily Star မှာ လူအုပ်စု တစ်ခုဟာ လွန်ခဲ့တဲ့ ညနေ သန်ခေါင်မှာ Morelganj မြို့နယ် Teligati ကျေးရွာအုပ်စုက Herma ဈေးမှာ တည်ရှိတဲ့ Sarbojanin Durga ဘုရားရှိခိုးကျောင်းကို ချိုးဖေါက် ၀င်ရောက်ပြီး ဟိန္ဒူ နတ်ဘုရား ရုပ်ထုတွေ ဖြစ်တဲ့ Ganesh နဲ့ နတ်ဘုရားမ ရုပ်ထုတွေ ဖြစ်ကြတဲ့ Laksmi နဲ့ Saraswati ရုပ်ထုတွေကို ဖျက်ဆီသွားခဲ့ကြတယ်လို့ ရဲအဖွဲ့ကို ကိုးကားပြီး ဖေါ်ပြပါတယ်။

ခုလို ၀င်ရောက်ဖျက်ဆီးသွားတာကို ဟိန္ဒူဘာသာဝင်တွေ အနေနဲ့ နံနက်စောစော ဘုရားကျောင်းကို သွားတဲ့ အချိန်မှာမှ မြင်တွေ့ခဲ့ရတယ်လို့ ဘုရားကျောင်း ဥက္ကဌက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ဖျက်ဆီးခံရတဲ့ ဘုရားကျောင်းကို အဲဒီဒေသက လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Mozammel Hossain သွားရောက် ကြည့်ရှု့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Morelganj မြို့နယ်က ဟိန္ဒူ ဘုရားရှိခိုးကျောင်းတွေကို ၀င်ရောက် ဖျက်ဆီးနေတာဟာ ဖေဖေါ်ဝါရီလကတည်းက စတင် ပေါ်ပေါက်နေတာ ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာတော့ Gopalpur Sarbojanin ဘုရားရှိခိုးကျောင်း ဖျက်ဆီး ခံရပြီး မတ်လ ၁ ရက်နေ့မှာတော့ Dumuria Sarbojanin ဘုရားရှိခိုးကျောင်း ဖျက်ဆီးခံခဲ့ရပါတယ်။ မတ်လ ၁၉ ရက်နေ့မှာတော့ North Gopalpur ဘုရားရှိခိုးကျောင်း ဖျက်ဆီးခံခဲ့ရပါတယ်။

ခုလိုဘုရားကျောင်းတွေကို တိုက်ခိုက်နေတာဟာ အဲဒီ ဒေသ တစ်ခုတည်းမှာ မဟုတ်ဘဲ တစ်ခြား ဒေသတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။

မတ်လ ၃၁ ရက်နေ့ကလည်း ဘိုဂါရာ ( Bogra) ခရိုင် Sonatala မြို့နယ်မှာ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ခုကို ၀င်ရောက် တိုက်ခိုက်ပြီး အနည်းဆုံး နတ်ဘုရား ရုပ်ထု (၇) ကို ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲအဖွဲ့က တစ်စုံ တစ်ဦးကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

၂၀၁၃ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ လူနည်းစု ဟိန္ဒူဘာသာဝင် ဘုရားရှိခိုးကျောင်း အနည်းဆုံး ၂၈ ကျောင်း၊ အနည်းဆုံး အိမ်ပေါင်း ၁၇၅ လုံးနဲ့ ဒါဇင်နဲ့ ချီတဲ့ ဈေးဆိုင်တွေ မီးရှို့ ဖျက်ဆီးခံခဲ့ကြရပြီလို့ သိရပါတယ်။

No comments: