Monday, April 8, 2013

ကရင်နီ ဒုက္ခသည်စခန်းအတွက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ချထား

ဒေလီထက်

ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းအတွင်းကို လူသားချင်းစာနာ သူတွေက နေ့စဉ် အ၀င်အထွက် ပြုလုပ်လာခြင်းကြောင့် မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ် တာဝန်ရှိသူတွေက သွားလာခွင့် ပိတ်ထား လိုက်တယ်လို့ စခန်းကော်မီတီ ဥက္ကဌ ဆရာမ ရှယ်လီသန်းက အခုလိုပြောသွားပါတယ်။

“လူဝင်လူထွက် စီစစ်လို့ရအောင် ဆိုပြီးမှ ဆွေမျိုးတွေကို လာလည်လို့ရအောင် တပတ်ကို ၁ ခါလောက် လာလည်ခွင့်ပေးတယ် ဗုဒ္ဓဟူးနေ့မှာ ကျန်တဲ့ NGOs တွေကတော့ ရက်တိုင်းလာလို့ရတယ်”

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိုင်းဒေသအာဏာပိုင်များနှင့် အစည်းအဝေးထိုင်ချိန်မှာ ချမှတ်လိုက်တာဖြစ်ပြီး ဂိတ်များလည်း တိုးချဲ့ချထား ကြတယ်လို့လည်း ဆရာမရှယ်လီသန်းက ပြောပါတယ်။

“မဲ့စပင်မှာတဂိတ်၊ ရွာအ၀င်မှာတဂိတ်၊ တာဟိုးထာကျေးရွာ လာတဲ့လမ်းမှာ အောဆော် ဂိတ်ချထားတယ်လို့ ကြားရတယ်”

ယခုလက်ရှိ စခန်းအတွင်းတွင် နေရာအခက်အခဲကြောင့် စေတနာရှင်များ လှူဒါန်းလာသော ပစ္စည်းများကို ခွန်ယွန်းတွင်ထားရှိပြီး လိုအပ်သော ပစ္စည်းစာရင်း ဇယားများကို ပေးပို့ပါက လာရောက်ပို့ဆောင် ပေးတယ်လို့လည်း ဆရာမရှယ်လီသန်းက ပြောသွား ပါတယ်။

No comments: