Monday, April 22, 2013

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်

ABC

အိန္ဒိယနိုင်ငံက ​မြန်မာနိုင်ငံရဲ့ ​စိုက်ပျိုးရေး၊ ​စွမ်းရည်မြင့်တင်ရေးနဲ့ ​ကွန်ပြူတာဆိုင်ရာတွေမှာ ​တိုးတက်အောင် ​ကူညီဆောင်ရွက်သွားမယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှု ​လမ်း ​စ ​တွေ ​ဖြစ်ပေါ် ​ပြီးနောက် ​နိုင်ငံတကာက ​မြန်မာနိုင်ငံမှာ ​တိုးတက် ​ဖွံ့ဖြိုးရေး ​လုပ်ငန်းတွေနဲ့ ​ရင်းနှီးမြုပ်နှံမှု ​လုပ်နေချိန်မှာပဲ ​အိန္ဒိယ ​နိုင်ငံကလည်း ​ဝင်ရောက် ​လာတာ ​ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ​ဝန်ကြီးချုပ်ရဲ့ ​အကြံပေး ​ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ​S ​Ramdorai ​က ​ကိုယ်တိုင် ​ဦးဆောင်ပြီး ​မြန်မာနိုင်ငံ ​ဖွံ့ဖြိုးရေး ​လုပ်ငန်းတွေ ​လုပ်ကိုင်သွားမှာ ​ဖြစ်တယ်လို့ ​ဟိန္ဒူစတန်ထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြ ​ထားပါတယ်။

မြန်မာနိုင်ငံ ​စိုက်ပျိုးရေးကဏ္ဍ ​ဖွံ့ဖြိုးတိုးတက်မှုပါ ​ကူညီမှာဖြစ်သလို ​နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​ဒေသမှာ ​ဖာလာစေ့စိုက်ပျိုးမှု ​တိုးတက်အောင် ​ပူးပေါင်း ​လုပ်ဆောင်ကြဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း ​လုပ်နိုင်ဖို့အတွက် ​အိန္ဒိယ-မြန်မာ ​စက်မှုဆိုင်ရာ ​သင်တန်းစင်တာကို ​ပုခုက္ကူမြို့မှာ ​ဖွင့်လှစ်ပြီး ​မြင်းခြံမြို့မှာလည်း ​ဖွင့်လှစ်ဖို့ ​ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် ​အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ​ကွန်ပြုတာဆိုင်ရာစင်တာတွေလည်း ​ဖွင့်လှစ်မှာဖြစ်ကြောင်း ​သိရပါတယ်။

မြန်မာနိုင်ငံဟာ ​အိန္ဒိယနိုင်ငံကို ​အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ​ဆက်သွယ်ပေးတဲ့ ​တစ်ခုတည်းသော ​နိုင်ငံဖြစ်ပါတယ်။

No comments: