Wednesday, April 10, 2013

ရှမ်းပြည်နယ်မှာ ဖမ်းဆီးရ မူးယစ်ဆေး မီးရှို့ဖျက်ဆီး

ABC

မြန်မာနိုင်ငံ ​ရှမ်းပြည်မြောက်ပိုင်း ​တရုတ် ​- ​မြန်မာနယ်စပ်အနီး ​နမ့်ခမ်းမြို့နယ်ထဲမှာ ​ကျပ်ငွေ ​သန်းနဲ့ချီတန်ဖိုးရှိဖမ်းဆီးရမိထားတဲ့ ​မူးယစ်ဆေးဝါးတွေကို ​ပထမဆုံးအကြိမ် ​မီးရှို့ ​ဖျက်ဆီးလိုက်တယ်လို့ ​သိရပါတယ်။

အခုဖမ်းဆီးရမိထားတဲ့ ​မူးယစ်ဆေးဝါး ​တွေကို ​RCSS/SSA ​ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ရဲ့ ​စစ်ဒေသ ​အမှတ် ​၇၀၁ ​ဗဟိုဌာနချူပ်နယ်မြေအတွင်း ​နမ့်ခမ်းမြို့နယ် ​နောင်မ ​ကျေးရွာမှာ ​အများပြည်သူရှေ့မှောက်မှာ ​မီးရှို့ဖျက်ဆီးခဲ့တာ ​ဖြစ်ပါတယ်လို့ ​SSA ​ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်း ​က ​အခုလို ​ပြောပါတယ်။

“အဲ့ဒီ ​မူဆယ် ​၊ ​နမ့်ခမ်း ​ဒေသတစ်ဝိုက်မှာ ​ဖမ်းဆီးရမိတဲ့ ​ယာမ ​ဆိုတဲ့ ​အဲ့ဒီ ​အက်ဖက်တမင်းက ​အလုံးရေ ​ပေါ့နော် ​ခြောက်သောင်းနီးပါး၊ ​နောက်ပြီးတော့ ​ဘိန်းစိမ်းက ​ခုနှစ်ပိသာ ​နီးပါး၊ ​နဲ့ ​ဘိန်းဖြူ ​အနည်းအကျဉ်း ​ပါပါတယ်။ ​ကျနော်တို့ ​ဖမ်းဆီးရမိထားတဲ့ ​အဲ့ဒီ ​ဘိန်းနဲ့ ​ယာဘ ​တွေကို ​ဒီလ ​၇ ​ရက်နေ့ ​မနက် ​၁၀ ​နာရီခွဲ ​အချိန်မှာ ​ရပ်မိရပ်ဖ ​တွေနဲ့ ​နောက်ပြီးတော့ ​ဒေသ ​တွင်းမှာရှိနေတဲ့ ​မူဆယ် ​နမ့်ခမ်းရဲ့ ​အဲ့ဒီ ​SNLD ​တွေ၊ ​SNDP ​ပါတီတွေနဲ့ ​နောက် ​လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့ ​ရှေ့မှာ ​ကျနော်တို့ ​မီးရှို့ပြသခြင်းပဲ ​ဖြစ်ပါတယ်။”

ဒီဒေသတွင်းမှာ ​မူးယစ်ဆေးဝါးအန္တရယ်ကြီးမားနေပြီး ​ မျိုးဆက်သစ်လူငယ်တွေ ​မူးယစ်ဆေးဝါး ​မသုံးစွဲကြစေဖို့အပြင် ​မူးယစ်ဆေးဝါးအန္တရယ်တားဆီးကာကွယ်တဲ့ ​အနေနဲ့ ​အခုလို ​လုပ်ဆောင်တာဖြစ်တယ်လို့လည်း ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်း ​က ​ဆက်ပြောပါတယ်။

“ကျနော်တို့ ​ရှမ်းပြည်တွင်းမှာ ​လူငယ်ပိုင်းမှာဆိုရင်လည်း ​ယာဘ ​ဆိုတဲ့ ​အက်ဖက်တမင်းကို ​သုံးစွဲကြတယ်၊ ​လူကြီးပိုင်းမှာရော ​မိန်းမပိုင်းမှာရော၊ ​လက်လုပ်လက်စားတွေ ​အလုပ်သမားတွေလည်း ​သုံးစွဲကြတယ်၊ ​ဒီမူယစ်ဆေးဝါးအန္တရယ်တွေ ​သူတို့က ​မသိကြဘူး၊ ​အဲ့ဒီတော့ ​ကျနော်တို့အတွက် ​အန္တရယ်တော့ ​တအားကြီးမားပါတယ်။ ​ကျနော်တို့ ​စစ်တမ်းကောက်ကြည့်သလောက်တော့ ​၅၀ ​ရာခိုင်နှုန်းလောက်တော့ ​ဘိန်းနဲ့ ​ဘိန်းဖြူတွေ ​သုံးစွဲနေကြ ​တာကို ​တွေ့ရတယ်။”

ရှမ်းပြည်နယ်အစားထိုးဖွံ့ဖြိုးရေး၊ ​တရားမ၀င် ​မူးယစ်ဆေးဝါး ​တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ​လွန်ခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​အောက်တိုဘာ ​၂၇ ​ရက်နေ့က ​အစိုးရကိုယ်စားလှယ်တွေနဲ့ ​UNODC ​က ​တာဝန်ရှိသူတွေ ​ရှမ်းပြည်နယ် ​တာချီလိတ်မြို့မှာ ​တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ​ပူးပေါင်းလုပ်ဆောင်ဖို့ ​သဘောတူညီချက်တွေ ​ရှိခဲ့တယ်လို့ဆိုပါတယ်။ ​ဒါပေမယ့် ​လက်ရှိမှာ ​အစိုးရဖက်က ​ပူးပေါင်းပါဝင်တာ ​မရှိသေးဘဲ ​UNODC ​က ​အနည်းအကျဉ်းသာ ​ပူးပေါင်းပါဝင် ​လာတာ ​ရှိသေးတဲ့အတွက် ​ထိရောက်မှု ​မရှိဖြစ်နေတယ်လို့ ​ဗိုလ်မှူး ​စိုင်းလောင်ဆိုင်း ​ကပြောတဲ့ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: