Monday, April 8, 2013

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဒေသခံများနှင့် ဖွဲ့စည်းထားသည့် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှတဆင့် ပြည်နယ်အစိုးရထံ တင်ပြနိုင်ဟုဆို

ဖဲဘူး

ကယားပြည်နယ် တွင်းရှိ မြို့နယ် ဒေသ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဒေသခံ မြို့မိမြိုဖများနှင့်ဖွဲ့စည်းထားသည့် ခရိုင် မြို့နယ် စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာ ယာရေး ကော်မတီများမှ တဆင့် ပြည်နယ်အစိုးရထံ တင်ပြနိုင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

၎င်းမြို့နယ် စည်ပင်သာယာရေးကော်မတီသည် မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများနှင့် စတင်ပြောင်းလဲ ဖွဲ့စည်းထားမည်ဖြစ်ပြီး မြို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို သေချာညှိနိုင်း ဆွေးနွေးမှုပြု လုပ်အပြီး ပြည်နယ် အဆင့်သို့တင်ပြပါမှ ပြည်သူလူထု၏ လိုအပ်ချက်များကို ပြည့်စုံစွာသိရှိနိုင်မည် ဖြစ်သည်ဟု ဆိုပါတယ်။

“တနေ့မှာ ခရိုင်မြို့နယ် စီမံခန့်ခွဲရေးကော်မတီိ ဆိုတာဖြစ်လာလိမ့်မယ်။ တချိန်ထဲမှာပဲ မြို့နယ်စည်ပင်သာယာရေး ကော်မတီဆိုပြီး အဲဒါဖြစ်လာမယ်။ အဲဒီကော်မတီမှာ မြို့မိမြို့ဖတွေ ပါတယ်။ အဲဒီမြို့မမြို့ဖတွေသည် ငါ့ရဲ့ ကျေးရွာထဲမှာ ဒါတွေမကောင်းဘူး ဆိုတာတွေကို ဆွေးနွေးကြပါ။ အဲဒီမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလုံးပါ ပါကြမှာပါ။ အဲဒီလိုပါတော့ ဆွေးနွေးကြ တဲ့နေရာမှာ ဒေါနိုးကူးရပ်ကွက်က လူပါတော့ ဒေါနိုးကူးလမ်းအတွက်ပဲ ပြောသွားတယ် ငါ့ရပ်ကွက်အတွက် မပြောဘူး။ အဲဒီကိစ္စတွေကို အဲဒီမှာပဲဆွေးနွေး။ အဲဒါတွေအားလုံးပြီးပြီဆိုရင် ကျနော်တို့ပြည်နယ်ကို တက်လာခဲ့ပါ"

ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး က လွိုင်ကော် ဒေသခံတွေနဲ့တွေ့ဆုံစဉ်မှာ ဒေသခံတွေက မိမိတို့ရဲ့ ရပ်ကွက်အလိုက် ကျေးရွာအလိုက် တင်ပြလာတဲ့ အခြေအနေပေါ်မှာ ယခုလို ပြန်လည်ဖြေကြားသွားတာ ဖြစ်ပါတယ်။

ယခု ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ပြည်သူများတင်ပြလာမှုနှင့် လက်ရှိ စည်ပင်သာယာရေးဌာနအဖွဲ့မှ လုပ်ငန်းအကောင်ထည်ဖော်မှုမှာ မကိုက်ညီကြောင်း၊ ဒါကြောင့်ယခုလို ဒေသခံပြည်သူများ ပါဝင်သည့် အဖွဲ့ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တယ်လို့ လည်း ပြောသွားပါတယ်။

“အခုဟာက စည်ပင်ဆိုတဲ့အဖွဲ့က လမ်းတကာလျှောက်ပြီးဟိုလမ်းပြင်မယ် ဒီလမ်းမပြင်ဘူးတို့ ဟိုဟာက နည်းတယ် ဒီဟာကများတယ်။ ဒါနဲ့ပဲ အဲဒီချိန်က ပြည်သူတွေပြောတာနဲ့ မတူတော့ဘူး။ အဲဒီအဖွဲ့က ပြည်သူတွေနဲ့ဖွဲ့ထားတာ။ အဲဒီအဖွဲ့က ခုကျနော်တို့ပြောတဲ့ လမ်းကိစ္စ မီးကိစ္စ ဒါတွေအားလုံးကို ကျနော်တို့ ပြန်ဆုံးဖြတ်ပါမယ်။"

ပြည်သူများမှတင်ပြလာသည့် အပေါ်မှာလည်း အစိုးရအဖွဲ့အနေဖြင့် ဆွေးနွေးဆုံးဖြတ်ချက်ချကာ ဘတ်ဂျတ် အရ ညှိနိုင်းဆောင်ရွက် သွားမယ်လို့လည်းသိရပါတယ်။

ကယားပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန်အတွက် ယခုနှစ် အတွင်း နိုင်ငံတော်အစိုးရမှချမှတ်ပေးသော ဘတ်ဂျတ်များအရ ပုဂ္ဂလိက ကုမ္မဏီများမှ လမ်းများပြုပြင် ဖောက်လုပ်နေမှုများ တွေ့ရှိလာပါတယ်။

No comments: