Wednesday, April 10, 2013

မဲဆောက်နဲ့ မော်လမြိုင်ကြား လေယာဉ် ပျံသန်းမယ်

ABC

မြန်မာနိုင်ငံနဲ့ ​ထိုင်းနိုင်ငံ ​ခရီးသွားလာရေးအဆင်ပြေအောင် ​ထိုင်းနိုင်ငံပိုင် ​Nok ​Air ​လေကြောင်းလိုင်းက ​မြန်မာပြည်ကိုပျံသန်းမယ့်လေကြောင်းခရီးကို ​တိုးချဲ့ဖို့ ​စီစဉ်နေပြီလို့သိရပါတယ်။

Nok ​Air ​လေယာဉ်ပျံဟာ ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့ကနေ ​မြန်မာနိုင်ငံ ​မော်လမြိုင်မြို့ ​ကို ​ပျံသန်းမှာဖြစ်ပြီး ​လာမယ့်သုံးလအတွင်း ​တရက်ကို ​နှစ်ကြိမ်ပျံသန်းမှာဖြစ်တယ်လို့ ​ထိုင်းနိုင်ငံထုတ် ​ဘန်ကောက်ပို့စ် ​သတင်းစာက ​ဖော်ပြထားပါတယ်။

အခုလို ​လေကြောင်းခရီးတခုတိုးချဲ့တယ်ဆိုဟာ ​ထိုင်းနိုင်ငံနဲ့ ​မြန်မာနိုင်ငံကြား ​လိုအပ်တဲ့ ​လမ်းပမ်း ​ဆက်သွယ်ရေး ​ကြောင့်ဖြစ်တယ်လို့ ​Nok ​Air ​အလုပ်မှုဆောင်ညွန်ကြားရေးမှူးက ​ဘန်ကောက်ပို့စ် ​သတင်းစာကို ​ပြောခဲ့ပြီး ​အခုစတင်ပျံသန်းတော့မယ့်လေယာဉ်ခရီးစဉ်ဟာ ​ပထမစမ်းသပ်မှုအနေနဲ့ ​ခရီးသည် ​၃၄ယောက်ဆန့်တဲ့ ​လေယာဉ်နဲ့ ​စတင်ပျံသန်းမှာဖြစ်ပါတယ်။

အခုစတင်ပျံသန်းတော့မယ့် ​လေကြောင်းလိုင်းဟာ ​မြန်မာနိုင်ငံမော်လမြိုင်မြို့ကို ​ပြည်ပနဲ့ဆက်သွယ်ပေးတဲ့ ​ပထမဦးဆုံး ​နိုင်ငံခြားလေကြောင်းလမ်းဖြစ်ပြီးတော့ ​မြန်မာပြည်တွင်းက ​မြန်မာအဲယားလိုင်းပြီးရင်တော့ ​ဒုတိယပြေးဆွဲမယ့် ​လေကြောင်းခရီးသယ်ယူပို့ဆောင်ရေး ​ပဲဖြစ်ပါတယ်။

မဲဆောက်နဲ့ ​မော်လမြိုင်မြို့ဟာ ​ကားနဲ့ ​ကုန်းလမ်းခရီးကနေသွားရင် ​၉နာရီလောက်အချိန်ကြာပြီး ​အခုလေယာဉ်နဲ့သွားမယ်ဆိုရင် ​၁၅မိနစ်ပဲကြာမှာဖြစ်ပါတယ်။

လာမယ့်အောက်တိုဘာလကြရင် ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့နဲ့ ​မြန်မာနိုင်ငံ ​ရန်ကုန်မြို့ကို ​ပျံသန်းမယ့် ​လေကြောင်းခရီးစတင်နိုင်ဖို့အတွက်လည်း ​Nok ​Air ​လေကြောင်းလိုင်းက ​စီစဉ်နေတယ်လို့ ​သိရပါတယ်။

No comments: