Saturday, April 6, 2013

ကုဋေကြွယ်သူဌေး George Sorros မြန်မာမှာ ရင်းနှီးမြုပ်နှံမယ်

ABC

ကုဋေကြွယ်သူဌေး ​George ​Soros ​နဲ့ ​ဆက်စပ်နေတဲ့ ​ပုဂ္ဂလိကပိုင်ရင်းနှီးမြုပ်နှံမှုအဖွဲ့တစ်ဖွဲ့က ​မြန်မာနိုင်ငံ ​ဆက်သွယ်ရေးလုပ်ငန်း ​လိုင်စင်ရဖို့ ​ကြိုးစားနေတယ်လို့ ​သိရပါတယ်။

Soros ​Fund ​Management ​နဲ့ ​ဆက်စပ်နေတဲ့ ​Quantum ​Strategic ​Partners ​လို့ ​ခေါ်တဲ့ကုမ္ပဏီဟာ ​ဆက်သွယ်ရေး ​လုပ်ငန်းတွေလုပ်နေတဲ့ ​Digicel ​Group ​အပြင် ​ငွေရေးကြေးရေးလုပ်ငန်းတွေလုပ်တဲ့ ​YSH ​အဖွဲ့တို့နဲ့ ​ပူးပေါင်းပြီး ​မြန်မာနိုင်ငံ ​ဆက်သွယ်ရေးလုပ်ငန်းမှာ ​လုပ်ခွင့်လိုင်စင်ရဖို့ ​ကြိုးစားနေတာဖြစ်ပါတယ်။

ကုဋေကြွယ်သူဌေးကြီး ​George ​Soros ​ဟာ ​မြန်မာနိုင်ငံ ​ဒီမိုကရေစီအရေးအတွက် ​လှုပ်ရှားတဲ့ ​အဖွဲ့အစည်းတွေကို ​နှစ်ပေါင်းများစွာ ​ထောက်ပံ့ကူညီမှုပေးခဲ့ပြီး ​လူငယ်တွေရဲ့ ​ပညာရေးပိုင်းမှာလည်း ​မြင့်တင်ပေးသူ ​ဖြစ်ပါတယ်။

မြန်မာအစိုးရက ​ဆက်သွယ်ရေးဆိုင်ရာ ​လိုင်စင်သစ် ​နှစ်ခု ​ချပေးဖို့ရှိပြီး ​လျောက်ထားနိုင်တဲ့အဖွဲ့ကို ​ဧပြီလ ​၁၁ ​ရက်မှာကြေညာပြီး ​လိုင်စင်ရသူရဲ့နာမည်ကို ​ဂျွန်လလောက်မှာ ​ကြေညာဖို့ရှိတယ်လို့ ​သိရပါတယ်။ ​လိုင်စင်သစ် ​နှစ်ခုထဲက ​တစ်ခုရဖို့ ​Soros ​နဲ့ ​နီးစပ်တဲ့ ​အဖွဲ့က ​ကြိုးစားနေတာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​လူဦးရေ ​၁၀ ​% ​လောက်သာ ​မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့အဆင့် ​ရှိတဲ့အတွက် ​ဒီကဏ္ဍမှာ ​စီးပွားရေးလုပ်ဖို့ ​အများကြီးအခွင့်အလမ်းရှိတယ်လို့ ​ရှုမြင်နေကြတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​လုပ်ခွင့်ရမယ်ဆိုရင် ​ပထမအဆင့်အနေနဲ့ ​ဒေါ်လာ ​၁.၅ ​ဘီလီယံကနေ ​၂ ​ဘီလီယံ ​ရင်းနှီးမြုပ်နှံမှာဖြစ်တယ်လို့ ​Digicel ​ကုမ္ပဏီက ​ဆိုပါတယ်။

No comments: