Thursday, April 4, 2013

အစိုးရနဲ့ KIO တို့ တွေ့ဆုံပွဲကို ကုလကိုယ်စားလှယ်ပါ တက်ရောက်မယ်

ABC

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ​ကချင်လွတ်မြောက်ရေးအဖွဲ့ ​(KIO)တို့ ​ငြိမ်းချမ်းရေးဆွေးနွေးပွဲ ​တွေကို ​မြန်မာနိုင်ငံတွင်းမှာ ​ပထမဆုံးအကြိမ် ​ပြုလုပ်ကြမယ်မှာဖြစ်ပြီး ​ကုလသမဂ္ဂကိုယ်စားလှယ်ပါ ​တက်ရောက်မယ်လို့ ​သိရပါတယ်။

KIO ​နဲ့ ​အစိုးရ ​ငြိမ်းချမ်းရေး ​အဖွဲ့တွေကြား ​မြန်မာနိုင်ငံတွင်းမှာ ​ပထမဆုံး ​အ ​ကြိမ် ​တွေ့ ​ဆုံ ​မယ့် ​ဆွေးနွေးပွဲကို ​မြစ်ကြီးနားမြို့ ​စီတာပူ ​မနောကွင်းက ​မဂျွယ်ခန်းမမှာ ​ပြုလုပ်ဖို့ရှိပြီး ​ ကြိုတင် ​ပြင်ဆင်မှု ​ပြုလုပ်နေ ​တယ်လို့ ​သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ ​KIO ​ဘက်က ​ဦးဆွန်လွတ်ဂမ် ​ဦးဆောင်တဲ့ ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးအဖွဲ့နဲ့ ​ဒုတိယ ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်ဂွမ်မော်တို့ ​တက်ရောက်မယ်လို့ ​သိရပြီး ​အစိုးရဘက်က ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့ ​ငြိမ်းချမ်းရေး ​ကိုယ်စားလှယ်အဖွဲ့၊ ​မြောက်ပိုင်းတိုင်းတိုင်းမှူးနဲ့ ​ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့လည်း ​တက်ရောက်မှာဖြစ်တယ် ​လို့ ​ပြောပါတယ်။ ​ဒီဆွေးနွေးပွဲကို ​လေ့လာသူအနေနဲ့ ​ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ​မစ္စတာ ​ဗီဂျေးနမ်ဘီးယားလည်း ​တက်ရောက်မှာဖြစ်သလို ​UNFC ​အဖွဲ့ဝင်တွေနဲ့ ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့တွေ ​လည်း ​တက်ရောက်မှာဖြစ်တယ်လို့ ​ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ​ဦးခွန်ဂျာက ​အခုလိုပြောပါ ​တယ်။

တွေ့ဆုံဆွေးနွေးပွဲအတွက် ​ဆိုပြီးတော့ ​ဒီလ ​၆ရက်နေ့ပေါ့ ​စနေနေ့ပေါ့ ​ဒီမှာတွေ့ဆုံဖို့အတွက် ​ဆိုပြီးတော့ ​ပြောထားတာရှိတယ်ဗျ၊ ​ကချင်ပြည်အစိုးရနဲ့ ​ကျနော်တို့ ​ပြည်သူတွေနဲ့ ​၆ရက်နေ့ဆွေးနွေးပွဲအတွက် ​ကျနော်တို့ ​ဒီမှာ ​အခမ်းအနားအပြင်အဆင်တွေတော့ ​အားလုံးတော့ ​ပြင်ထားပြီးပါပြီဗျ၊ ​မြစ်ကြီးနား၊ ​စီတာပူမနောကွင်း ​မဂျွယ်ခန်းမဆောင်မှာဗျ။ 

ဆွေးနွေးပွဲကို ​တက်ရောက်လာမဲ့ ​KIO ​ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ ​သွားလာရေးနဲ့ ​ပတ်သက်ပြီး ​UN ​ဘက်က ​တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပြီး ​မစ္စတာနမ်ဘီးယားနဲ့ ​အဖွဲ့ဟာ ​ဧပြီလ ​၅ရက်နေ့မှာ ​မြစ်ကြီးနားကို ​ရောက်ရှိမှာဖြစ်တယ်လို့ ​ပြောပါတယ်။ ​ဆွေးနွေးမဲ့ ​အကြောင်းအရာတွေကို ​အတိအကျမသိရသေးပေမဲ့ ​တရုတ်နိုင်ငံရွှေလီမြို့မှာဆွေးနွေးခဲ့တဲ့အထဲက ​မပြီးပြတ်သေးတဲ့ ​စစ်ရေးနဲ့ ​ပတ်သက်ပြီး ​အဓိကထားဆွေးနွေးသွားမဲ့အကြောင်း ​ဦးခွန်ဂျာပြောပါတယ်။

ကျနော်တို့ ​အတိအကျမသိရသေးဘူးဗျ၊ ​ဒါဟာစစ်ရေးနဲ့ ​ပတ်သက်ပြီးမှပဲ ​အဓိကဆွေးနွေးမယ်လို့ပဲ ​ကျနော်တို့ ​ဒီလိုပဲထင်တယ်ဗျ၊ ​ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အတွက်ဆိုတဲ့သဘောလောက်ပဲ ​သူတို့ဆွေးနွေး ​သွားလို့ ​ထင်တယ်ဗျ။ 

KIOနဲ့ ​အစိုးရကြားတွေ့ဆုံဆွေးနွေးတာဟာ ​၁၀ကြိမ်ကျော်သွားပြီဖြစ်ပေမဲ့ ​နှစ်ဘက်ကြားမှာ ​ယုံကြည်မှုအား ​နည်းနေတဲ့အနေအထားတွေရှိနေတဲ့အတွက် ​ဒီတကြိမ်ဆွေးနွေးမှုကနေ ​ယုံကြည်မှုတည်ဆောက်နိုင်ပြီး ​ထာဝရ ​ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ​ဒေသခံပြည်သူတွေက ​မျှော်လင့်နေတယ်လို့လည်း ​ဦးခွန်ဂျာက ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: