ဆန်းဖြိုးထွန်း
လယ်ယာမြေမှတ်ပုံတင်ခြင်းကို အောက်တိုဘာလတွင် အပြီးဆောင်ရွက်မည်ဟု ပြောဆိုထားပြီးနောက် လယ်ယာမြေမှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ကျန်ရှိနေကြသော တောင်သူအများစုသည် ယခုလအတွင်းအချိန်မှီ မပြုလုပ်နိုင်မည်ကို စိုးရိမ်နေကြရသည်ဟု NLD ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ လယ်ယာမြေမှတ်ပုံတင်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး ငွေတောင်ကျေးရွာတွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကြစဉ်၌ သိရသည်။
ဆွေးနွေးပွဲမှ တောင်သူတစ်ဦးက “ကျွန်တော်တို့ရွာမှာပေါ့ သူများတွေရကုန်ပြီ ကျွန်တော်တို့တော့ ခုထိမရသေးဘူး မြေတိုင်းစာရေးကို ပိုက်ဆံဆိုလည်းပေးပြီးပြီ သူများတွေတော့ရပြီ ကျွန်တော်တို့ မရသေးဘူး သူတို့ကိုမေးတော့လည်း ရုံးမှာရှိတယ်လို့ပဲ ပြောနေတယ်” ဟု ပြောသည်။
လက်ရှိတောင်သူအများစုသည် ကျေးလက်နေသူများ အများစုဖြစ်နေပြီး လယ်ယာမြလုပ်ပိုင်ခွင့် တရားဝင်လျှောက်ထားရာ သက်ဆိုင်ရာဌာနများမှ သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းနေကြသဖြင့် နှောင့်နှေးမှုတွေရှိနေသည့်အတွက် တောင်သူများ သတ်မှတ်ချိန်အတွင်း မပြုလုပ်နိုင်မည်ကို စိုးရိမ်လျှက်ရှိနေကြခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီပါတီမှ ဦးသက်တင်က ပြောသည်။
“သူတို့က အချက်လတ်တွေ အကုန်လုံးကိုတောင်သူတွေကို မချပြထားဘူး သတင်းထုတ်ပြန်ချက်တွေ မရှိတဲ့အတွက် နည်းပါးတဲ့အတွက် ကျေးလတ်နေတောင်သူတွေရဲ့ သတင်းဆက်သွယ်မှုနည်းတဲ့အရ မပြီးမြောက်သေးဘူး” ဟု ပြောသည်။
ယခုနှစ်အတွင်း လျာထားချက်ကိုတော့ ပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသော တောင်သူ များအား နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ပေးမည်ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင် ပြောသည်။
ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က “လျာထားချက်ရှိပြီးသာဟာကို ပြည့်မီအောင်လုပ်ရတယ်ပေါ့ သို့သော်လည်းပဲ လယ်အသစ် ယာအသစ်တွေ ထွက်ထားတာလဲ ရှိတယ်ပေါ့နော် ရှိတယ်ဆိုရင် လျှောက်လို့ရတယ် ဒါပေမယ့် သူမလျှောက်ရင်တော့ ကျွန်တော်တို့က ပြည့်ပြီဆိုရပ်ထားရမှာပဲ” ဟု ပြောသည်။
ကယားပြည်နယ်တွင် လယ်မြေဧက တစ်သိန်းကျော်ရှိပြီး ယခုလျာထားချက်များ အရ (၇၅%) ပြီးစီးနေပြီဖြစ်ပြီး ယခုလျာထားချက်များတွင် မလုပ်လိုက်ရသောတောင်သူများကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်ပေးရန် အစီစဉ်ရှိသည်ဟု သိရသည်။
No comments:
Post a Comment