Saturday, October 5, 2013

ရှမ်းလူဦးရေ သန်းခေါင်စာရင်း စတင်ကောက်တော့မယ်

ABC

မြန်မာနိုင်ငံက ​ရှမ်းတိုင်းရင်းသား ​လူဦးရေစာရင်းကို ​အောက်တိုဘာလလယ်ပိုင်းမှာ ​စတင်ကောက်ယူသွားမယ်လို့ ​ရှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီကပြောပါတယ်။

ရှမ်းလူဦးရေစာရင်းကို ​ကော်မတီအနေနဲ့ ​ကောက်ယူတယ်ဆိုတာ ​၂၀၁၄ ​ခုနှစ်ကျရင် ​မြန်မာနိုင်ငံအတွင်း ​ကောက်ခံမယ့် ​သန်းခေါင် ​စာရင်းကို ​အထောက်အကူပြုဖို့အတွက် ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပထမဆုံးအနေနဲ့ ​ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်တဲ့ ​ရှမ်းတိုင်းရင်းသားစာရင်းတွေကို ​စတင်ကောက်ယူပြီး ​နောက်ပိုင်းတွေမှာတော့ ​ပဲခူးတိုင်းဒေသကြီးနဲ့ ​တခြားဒေသတွေမှာ ​ဆက်လက်ကောက်ယူသွားမှာ ​ဖြစ်ပါတယ်။

၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ​အခန်း(၁)၊ ​ပုဒ်မ(၁၅)ပါ ​လျော်ကန်သင့်မြတ်တဲ့ ​လူဦးရေရှိတဲ့ ​တိုင်းရင်းသား ​လူမျိုးတွေ ​အတွက် ​သက်ဆိုင်ရာတိုင်းဒေသကြီး ​(ဒါမှမဟုတ်) ​ပြည်နယ်နဲ့ ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ​စီရင်စု ​ဥပဒေပြုရေးမှာ ​လူဦးရေးများတဲ့တိုင်းရင်းသား ​လူမျိုးကိုယ်စားလှယ်တွေ ​ပါဝင်ခွင့်ရှိတယ်လို့ ​ပါရှိတဲ့အတွက် ​ရှမ်းလူမျိုးတွေအနေနဲ့ ​အခွင့်အရေးတစ်ရပ် ​ရရှိနိုင်တယ်လို့ ​ဦးစိုင်းကျောက်တစ်က ​ပြောပါတယ်။

“တကယ်လို့ ​ဒီရန်ကုန်တိုင်းက ​လူဦးရေက ​၀. ​၀၁ ​ရာနှုန်း ​၊ ​ခြောက်သောင်း ​တကယ်လို့ ​သန်းခြောက်ဆယ်မှာ ​လူဦးရေ ​ခြောက်သောင်းလောက်ရှိတယ်ဆိုရင် ​တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးလည်း ​ရနိုင်တဲ့ ​အနေအထားလည်းရှိတာပေါ့နော် ​အဲ့ဒါတွေလည်း ​တကယ်လို့ ​ပြည့်မှီတယ်ဆိုရင်တော့လည်း ​အခွင့်အရေးတစ်ခုရှိတာပေါ့နော် ​ရှမ်းလူမျိုးအတွက်။”

၂၀၁၀ ​ရွေးကောက်ပွဲမှာ ​ရန်ကုန်တိုင်းဒေသကြီအတွင်း ​ရှမ်းတိုင်းရင်းသားဦးရေဟာ ​နှစ်သောင်းနှစ်ထောင်ကျော်သာရှိခဲ့ပေမယ့် ​အခုအချိန်မှာတော့ ​လူဦးရေ ​တစ်သိန်းခွဲခန့် ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားလူမျိုးတွေနဲ့အလားတူ ​မွန်တိုင်းရင်းသားတွေကလည်း ​သူတို့ရဲ့ ​မွန်တိုင်းရင်းသား ​လူဦးရေစာရင်းကောက်ယူဖို့အတွက် ​ပြင်ဆင်နေပြီးလို့ ​မြစ်မခ ​သတင်းအရသိရပါတယ်။

No comments: