ယုဝေ
ကားခေါင်မိုးပေါ်တက်စီး၍ သေဆုံးသူ ပိုများ
ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ(မ-ထ-သ)အောက်ရှိ ယာဉ်လိုင်း များ စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၂၀ မှုဖြစ်ပွားခဲ့သည်ဟု မ-ထ-သ (ဗဟို) ၏ အောက်တိုဘာလ ၂ ရက်တွင် ပြုလုပ်သော ပုံမှန်အစည်းအဝေးမှ သိရသည်။
မ-ထ-သ(ဗဟို)၏အောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆမှု ၂၀ တွင် ၁၈ မှုမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်မှုမှာ ယာဉ်မှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၂၈ ဦး ရှိခဲ့သည်။
မ.ထ.သ(ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က “အမိုးပေါ်ကနေ လိုက်ပါစီးနင်းမှုကြောင့် ယောက်ျားလေးနှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဒါ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့လည်း အမိုးပေါ် လူတက်မစီး အောင် ကြပ်မတ်မှုတွေ ကို လုပ်နေပါတယ်”ဟု ပြောသည်။
စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအများစုသည် လမ်းဖြတ်ကူးသူနှင့် ကားအမိုး ခိုစီးသူ ပိုမိုများသောကြောင့် မသေသင့်ဘဲ သေဆုံးရသည်ဟု ဦးလှအောင်က ပြောသည်။
၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၄၅၃ ဦးရှိပြီး ထိုအထဲမှာ ၉၅ ရာခိုင်နှုန်းသည် လူပေါ့လျော့မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု မ-ထ-သ(ဗဟို)၏ ဒု-ဥက္ကဋ္ဌ ဦးလှသောင်းမြင့်ကပြောသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာတွင် မ-ထ-သ(ဗဟို)လက်အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု ၂၀၊ ယာဉ်မှောက်မှုသုံးမှုနှင့် သေဆုံးသူ ခုနစ်ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၆၀ ဦး ရှိခဲ့သည်။
မထသ(ဗဟို)မှ ကြီးကြပ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အထောက်အကူပြုနိုင်ရန်နှင့် ယာဉ်လုပ်သားများ၏ အရည်အသွေး တိုးတက်မြင့်မားနိုင်ရန် ရည်ရွယ်ကာ မ-ထ-သအောက်ရှိ ယာဉ်လိုင်းအဖွဲ့အစည်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား တစ်ရက်သင်တန်းများ ဖွင့်လှစ်ကာ ပညာပေးဆွေး နွေးမှုများကိုလည်းပြုလုပ်ပေးနေသည်။ မထသ(ဗဟို)၏ ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်း ၁၁ လိုင်းရှိသည်။
No comments:
Post a Comment