ဇော်ဇော်ထွေး
ထန်းထပင်မြို့နယ်၌ အမျိုးသမီးတစ်ဦးရက်စက်စွာ အသတ်ခံထားရမှုတစ်ခု စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ရာသေဆုံးသူ၏သားဖြစ်သူအား လူသတ်သမားအဖြစ်သံသယရှိသဖြင့်အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခွဲ အချိန်က ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်မင်းစိုး (၃၅)နှစ်သည် ကျေးရွာအတွင်းနေ ဒေါ်ထွေးကြည်(၄၈)နှစ်မှာ နေအိမ်နောက်ခန်းတွင် ဒဏ်ရာ များနှင့် သေဆုံးနေကြောင်း သွားရောက်ကြည့်ရှုခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် ဒေါ်ထွေးကြည်မှာ ဦးခေါင်း နောက်စေ့ပြတ်ရှ၊ ဦးနှောက်ထွက်၊ ၀ဲလက် ကောက်ဝတ်ပြတ်ရှ၊ ၀ဲလက် ညိုးပြတ်၊ ကျောကုန်း ၀ဲဘက်ထိုးသွင်း၊ ၀ဲရင်အုံထိုးသွင်း ဒဏ်ရာသုံးချက်၊ ၀မ်းဗိုက်ထိုးသွင်း ဒဏ်ရာနှစ်ချက် တို့ဖြစ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း အုပ်ချုပ်ရေးမှူးက ရဲစခန်းတွင်ထွက်ဆိုထားသည်။
ထို့ပြင် သေဆုံးသူအနီးတွင် အရိုးအသွားတစ်ပေခန့်ရှိ ရဲတင်းတစ်လက်၊ အရိုးအသွား ခြောက်လက်မခန့်ရှိ ၀ါးရိုးတပ် မီးဖိုချောင်သုံးဓားအကျိုးတစ်ချောင်းတို့အား တွေ့ရှိရသည်ဟုလည်း ဆိုထားသည်။ ထို့ကြောင့် အခင်းဖြစ်နေအိမ်ခေါင်းရင်း(၂၅)ပေခန့်အကွာတွင် နေထိုင်သော ဦးသစ်လွင်ဆိုသူက ပြောပြရာတွင် နံနက် ၃ နာ၇ီအချိန်ကသေဆုံးသူနှင့် အတူနေသားဖြစ်သူ တင်ထွန်းဝင်း (၁၉)နှစ်၊ ကယ်ရီမောင်း (ဖမ်း ဆီးဆဲ) တို့ စကားများနေကြောင်း ကို သိရှိရသည်ဟုလည်း ဆိုထားသည်။
စကားများရာတွင်လည်း ဒေါ်ထွေးကြည် (ခ) ဒေါ်မိုးမှ တင်ထွန်းဝင်း “ငါ့ကို မလုပ်နဲ့၊ ငါပေးမယ်” ဟု ပြော ဆိုသံကို ကြားသိရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟု အုပ်ချုပ်ရေးမှူးက ရဲအား ပြောပြထားသည်။
ထို့ကြောင့်ပင် မိခင်အားသတ်ဖြတ်သူမှာ ၎င်း၏သားဖြစ်သူ တင်ထွန်းဝင်းဖြစ်သည်ဟု သံသယရှိသဖြင့် အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်မင်းစိုးက တရားလိုပြုလုပ်တိုင်တန်းထားသည်။
ထို့ကြောင့် ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းက (ပ)၉၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရ သူအား ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိသည်။ ယင်းကိုဖမ်းမိ၍ မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါကလည်း ပုဒ်မ ၃၀၂ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။
No comments:
Post a Comment