ဝိုင်းအောင်
မန်းရွှေစက်တော်ဘုရား ဂေါပကပိုင် နမ္မဒါအထူးဧည့်ဆောင်ရှိ အခန်းပေါင်း ၃၀ ခန့် မီးလောင်ကျွမ်းမှု မတ်လ ၁၉ရက် နံနက်၂ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦးက မဇ်္ဈိမကို အတည်ပြုပြောကြားသည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားတွင် မတ် ၁၉ ရက်၊ နံနက် ၂ နာ ရီ အချိန်ခန့်က မန်းရွှေစက်တော် ဘုရားပွဲတော်အထက်သောင် ဘုရားဂေါပကပိုင် နမ္မဒါဧည့်ဆောင်ရှိ အ လျားဆယ်ပေ၊ အနံတစ်ဆယ့်ငါးပေးအကျယ်၊ သက်ငယ်မိုး၊ ပြင်ခင်းအဆောင်အခန်းအမှတ် (၅/၆)အား ငှားရမ်းနေထိုင်သူ ဦးဇော်မြင့်သိန်း(၄၅)နှစ်သည် ခြင်ဆေးခွေထွန်း၍ အိပ်စက်ရာမှ ကာရံထားသော်ထရံ ကို စတင်၍ မီးစွဲလောင်ခြင်းဖြစ်သည်ဟု တိုင်းမီးသတ်က ထုတ်ပြန်သည်။
၎င်းမှတစ်ဆင့် အဆောင်အခန်းပေါင်း ၃၀ ခန့် မီးကူးစက်သွားကြောင်း၊ ၎င်းမီးလာင်ရာသို့ မကွေးတိုင်း မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးဆောင်၍ သန္ဓေမီးသတ်(၂၇)ဦး၊ အရန်မီးသတ် (၉၆)ဦး၊ မီးသတ်အုပ် ချုပ်ရေးယာဉ်တစ်စီး၊ မကွေးမြို့ မီးသတ်ယာဉ်တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ ငဖဲမြို့မှ မီးသတ်ယာဉ်တစ်စီး၊ ရွှေစက်တော် မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ၀ိုင်းဝန်း၍ မီးငြှိမ်းသတ်ရာ နံနက်(၃)နာရီတွင် မီး လုံးဝငြိမ်းသွားကြောင်း၊ မီးလောင်သွားသာအကျယ်အ၀န်း အရွယ်စုံအခန်းပေါင်း(၃၀)ခန့်ရှိပြီး၊ ဆုံးရှုံးတန် ဖိုးငွေမှာ သိန်း(၃၀)ကျော်ခန့်သတ်မှတ်ကြောင်း၊ လူအသေအပျောက်မရှိ၊ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိ ကြောင်း မီးသတ်ဦးစီးရုံး ကနဦးသတင်းများတွင် ဖော်ပြသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလလယ်မှစကာ ဧပြီလလယ် သင်္ကြန်အပြီးနှစ်ဆန်း တစ်ရက်နေ့အထိ ၇၃ ရက်အထိ ရက်ရှည်ကျင်းပပြီး ယခုမီးလောင်သည့်အချိန်တွင်လည်း ဘုရားပွဲတော်ကာလ ဘုရားဖူးဧည့်များ များစွာလာရောက်ဖူးမြော်ကြသည့် အချိန်လည်းဖြစ်သည်။
အဆိုပါမီးလောင်မှုကြောင့် ဘုရားဖူးခရီးစဉ်အတွင်း အခန်းငှားနေထိုင်ခဲ့သူ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအမှတ်(၂) ရပ်ကွက်နေ ဦးဇော်မြင့်သိန်းကို စကုနယ်မြေရဲစခန်းက(ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ၂၈၅ဖြင့် အမှု ဖွင့်အရေးယူထားသည်ဟု မီးသတ်တပ်ကြပ်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment