ရွှေဟင်္သာ
သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ် ငန်းများ အကောင် အထည် ဖော်နေ ရာ၌ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ များမှ လက်နက်ကိုင် စွဲ၍ ငြိမ်းချမ်း ရေးဆွေးနွေး ခြင်းသည် ကြန့်ကြာ မှုများ ဖြစ်စေနိုင်မည် ဖြစ်ကြောင်းရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ပြောသည်။
“ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ တစ်ဖက်နဲ့ တစ်ဖက်မငြိမ်းချမ်းလို့ ငြိမ်းချမ်းအောင် ဆောင်ရွက် ကြတာပဲ ဖြစ်တယ်။ငြိမ်းချမ်းရေး လိုချင် တယ် ဆိုလို့ ရှိရင် ငြိမ်းချမ်းတဲ့ စကားပြောဖို့ဆိုလို့ ရှိရင် လက်နက်တွေကိုင် ပြီး ငြိမ်း ချမ်းရေး စကား ပြောနေမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေနှော င့်နှေး ကြန့်ကြာ နိုင်တယ်လို့ကျနော် တို့ အဲလို ယူဆပါတယ်” ဟု ဝန်ကြီးချုပ် စဝ်အောင်မြတ်ကတောင်ကြီးမြို့ ၌ ပြုလုပ်သည့် တိုင်းရင်း မီဒီယာ ညီလာခံ ပထမနေ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
မြန်မာနိုင်ငံ တွင် အစိုးရမှ အသိအ မှတ် ပြုထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၁၆) ဖွဲ့ ရှိသည့် အနက် (၇) ဖွဲ့မှာ ရှမ်းပြည်နယ်အတွင်း၌ တည်ရှိပါ သည်။ ထို (၇) ဖွဲ့ အနက် (၅) ဖွဲ့နှင့် ပြည်နယ် အဆင့် ပြည်ထောင်စု အ ဆင့်အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ခဲ့ပြီး ဖြစ်ကာ ကျန်ရှိ နေသည့် ပလောင်ပြည် လွှတ်မြောက် ရေး တပ်ဦး (PSLF) နှင့် ရှမ်းမြောက် ပိုင်း ဒေသ အချို့တို့တွင်အခြေစိုက် နေသည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် လည်း မကြာမှီပင် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် အပစ်အ ခတ် ရပ်စဲရေး ပြုလုပ်နိုင်မည် ဖြစ် ကြောင်း ဝန်ကြီး ချုပ်က ဆိုပါသည်။
သို့သော်လည်း အစိုးရမှ အကောင် အထည် ဖော်နေသည့် ငြိမ်းချမ်း ရေး တည်ဆောက်မှုဖြစ်စဉ် များ၌ သိသာ ထင် ရှား သည့် မြင်သာမှု မရှိသေးကြောင်း ပအိုဝ့် အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန် မြင့်ထွန်းမှ ဆိုခဲ့ပါ သည်။
“ ကျနော်တို့ မြင်တာ ကတော့ ပြောင်းလဲမှု ဆိုတဲ့ စကားလုံး တစ်ရပ်ပေါ်မှာမူတည် ပြီးတော့ လုပ်နေကြတဲ့ ဒီနေ့ငြိမ်း ချမ်ရေး ဖော်ဆောင်မှု တွေဟာ သိသာထင် ရှားတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေ မရှိသေးဘူး၊ ပြောင်းသလိုလို မပြောင်းသ လို လို ဖြစ်နေတဲ့ အချက်တွေ ရှိတယ်” ဟု ဦးခွန် မြင့်ထွန်းမှ “မြန်မာ့ငြိမ်း ချမ်းရေး ဖြစ် စဉ် ဖွံဖြိုးရေးနှင့် သဘာဝ အရင်း အမြစ်များ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်း၌ ဝေဖန် ပြောကြား သွားခဲ့ပါသည်။
ပြောင်းလဲ လာသည့် အရာများ ထဲ၌ ယခင် စစ်အစိုးရ လက်ထက်၌ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (ဥပပမာ - ဗိုလ်ချုပ် ခင်ညွှန့်) ၏ နှုတ်ကတိဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ငြိမ်း ချမ်းရေး တည်ဆောက် ခဲ့သည်ဟု ဦးခွန်မြင့်ထွန်းမှ ထောက်ပြ ခဲ့ပါသည်။
သို့သော်လည်း ဦးသိန်းစိန် အစိုးရ လက်ထက် ၌မူ လုပ်ထုံး လုပ်နည်းတွေပြောင်းလဲ လာကာ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့များဖွဲ့စည်းကာ ဗဟိုအဆင့်၊ လုပ်ငန်း ကော်မီတီ အဆင့်များ ဖွဲ့စည်းကာ ပြည်နယ်အ ဆင့် ၊ ပြည်ထောင်စု အဆင့် စသည့် စာရွက် စာတမ်း များဖြင့် အပစ်အခတ် ရပ်စဲရေးကို ပုံဖော်သည့် လုပ်ထုံး လုပ်နည်းများ သာ ပြောင်းလဲ ခဲ့ကြောင်း ၎င်းမှ ဆိုပါသည်။
မပြောင်းလဲ သည့် အပိုင်း များ၌မူ လိုင်ဇာ ညီလာခံ၌ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးမှ မီဒီယာ များအား ထုတ်ဖော် ပြော ကြား ခဲ့သည့် တည်ဆဲ ဥပဒေနှင့်အညီ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကို ဆက်လက် အကောင်အ ထည်ဖော် သွားမည်၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၌ ဥပဒေ ဘောင်အတွင်းဝင်ရောက် ရ မည် ဆိုသည့် သဘောထားများ မှာမူ ၁၉၉၀ ခုနှစ်ပါ ဥပဒေ ကဲ့သို့အာဏာ တည်သော အမိန့်ဖြင့် အာဏာ တည်သော အမိန့်ဖြင့် ထုတ်ပြန်ချက် ခဲ့ သော ထုတ်ပြန်ချက် အမှတ် (၉၀/၁) ပါ သဘောထား ကဲ့သို့ပင် ဖြစ်ကြောင်း ဦးခွန် မြင့်ထွန်းမှ ထောက်ပြ ခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြားငြိမ်းချမ်းရေး တည်ဆောက် နေရာ၌ နှစ်ဖက်စလုံးမှ တစ်ဖက် အပေါ် တစ်ဖက် ယုံကြည်မှုများေ လျာ့ ရဲ နေလျက် ရှိကြောင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်း သည် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေး၏ အခရာ ကျသည့် လုပ်ငန်းစဉ် တစ် ရပ် ဖြစ်ေ ကြာင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ Peace Dialogue Program မှ ကိုအောင်နိုင် ဦးက ဆိုပါသည်။
“နှစ်ပေါင်း (၆၀) ကျော် ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်မှာ ပျက်စီး သွားတဲ့တစ်ဖက်နဲ့ တစ်ဖက်ရဲ့ ယုံကြည်မှုကို တည်ဆောက် တယ် ဆိုတဲ့ နေရာမှာ ဦးဏှောက်ကို လည်း အသုံးပြု ရသလို နှလုံးသား ကိုလည်း အသုံးပြု ရပါတယ်၊ အင်မတန်သိမ် မွေ့ နူးညံ့တဲ့ လုပ်ငန်းစဉ် ဖြစ်ပြီး ငြိမ်းချမ်ရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အခရာ ကျတဲ့ အချက်လည်း ဖြစ်တယ်” ဟုကိုအောင်နိုင်ဦးက ပြောသည်။
လက်ရှိ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ရေးဆွဲ တင်သွင်းထားသည့်တစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး စာချုပ် (မူကြမ်း) နှင့် အစိုးရမှ ရေးဆွဲထားသည့် တစ်နိုင်ငံ အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် (မူကြမ်း)တို့တွင် ယုံကြည်မှု နည်းပါး ခြင်းနှင့် စိုးရိမ်မှု ဖြစ်ပေါ် လာခြင်းတို့ကြောင့် ညှိနှိုင်း အလျော့ အတင်း ပြုလုပ် နိုင်ရန် ထည့်သွင်း ရေးသားထားသည့် အချက်များ အများအပြား ရှိကြောင်း ကိုအောင်နိုင်ဦးမှ ထောက်ပြခဲ့ပါသည်။

No comments:
Post a Comment