Thursday, March 6, 2014

မြန်မာ့ မီဒီယာနဲ့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေ လွှတ်တော်အတည်ပြု

ABC

မြန်မာနိုင်ငံမှာ ​မီဒီယာဥပဒေနဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်း ​ဥပဒေ ​နှစ်ခုစလုံးကို ​လွှတ်တော်က ​အတည်ပြုလိုက်ပြီလို့ ​သိရပါတယ်။

အဆိုပါ ​ဥပဒေကို ​အတည်ပြုလိုက်တဲ့အတွက် ​မြန်မာ့ ​သတင်းမီဒီယာ ​လောကအတွက် ​လွတ်လပ်မှုတွေ ​ပိုမိုရရှိလာမယ်လို့ ​ဥပဒေပြုသူတွေက ​ပြောဆိုကြပေမယ့် ​မီဒီယာလုပ်ငန်း ​မှတ်ပုံတင်တဲ့ ​ကိစ္စ ​ကိုတော့ ​မြန်မာ ​ပြန်ကြားရေး ​၀န်ကြီးဌာနရဲ့ ​လက်ထဲမှာပဲ ​ဆက်လက် ​ထားရှိ ​သေးတယ်လို့ ​သိရပါတယ်။

ဒါပေမယ့် ​အခုလို ​မီဒီယာဥပဒေနဲ့ ​ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ​ဥပဒေတွေနဲ့ပတ်ပြီးတော့ ​လွှတ်တော်နှစ်ရပ်အတွင်း ​သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ရတယ်လို့ ​မြန်မာအစိုးရပိုင် ​သတင်းမီဒီယာ ​ကပြောပါတယ်။

အခုလို ​လွှတ်တော်က ​အတည်ပြုလိုက်တဲ့အတွက် ​ဒီဥပဒေဟာ ​လာမယ့် ​နှစ်ပတ်အတွင်း ​အသက်ဝင်လာမှာဖြစ်ပါတယ်။

ဒီဥပဒေတွေကို ​အတည်ပြုပြဋ္ဌာန်းနိုင်ဖို့အတွက် ​ဥပဒေကြမ်းကို ​ပြီးခဲ့တဲ့ ​အရင်နှစ်ကတည်းက ​မြန်မာစာနယ်ဇင်းအဖွဲ့က ​လွှတ်တော်ကို ​တင်သွင်းထားခဲ့တာဖြစ်ပါတယ်။

No comments: