Saturday, March 22, 2014

မီတာခတိုးမြှင့်ကောက်ခံခြင်းကို ခွင့်ပြုချက်တောင်း၍ ဆန္ဒဖော်ထုတ်သွားမည်

မျိုးသန့်

ဧပြီလ ၁ ရက်မှစတင်ကာ အိမ်သုံး၊ စက်မှုသုံး လျှပ်စစ်မီတာခများကို တိုးမြှင့် ကောက်ခံလိုက်ခြင်းနှင့်ပက် သက်၍ မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်ရမှသာ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ဦးသိန်းအောင်မြင့်က မတ်၂၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။

“မီတာခတိုးမြင့်လိုက်တာနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်သွားဖို့ရှိတယ်။ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် ရဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ရအောင်လည်း လုပ်သွားမှာ ဖြစ်ပါတယ်။ တိုင်းလျှပ်စစ်ရုံးရှေ့မှာ ဆန္ဒ ထုတ် ဖော်သွားမှာဖြစ်ပါတယ်”ဟု ဦးသိန်းအောင်မြင့်က ပြောသည်။

လျှပ်စစ်မီတာခ တိုးမြှင့်လိုက်သည့် နှုန်းထားများအဖြစ် အိမ်သုံးမီတာ ယူနစ်တစ်ရာအထိ ၃၅ကျပ်၊ ယူနစ် ၁၀၀ မှ ၂၀၀ အထိ ၄၀ကျပ်၊ ယူနစ်၂၀၁နှင့်အထက် ၅၀ကျပ်၊ စက်မှုလုပ်ငန်းများ ယူနစ် ၅၀၀အထိ ၇၅ ကျပ်၊ ယူနစ်၅၀၁မှ တစ်သောင်းအထိ ၁၀၀ကျပ်၊ တစ်သောင်း ယူနစ်မှ ငါးသောင်းယူနစ်အထိ ၁၂၅ကျပ်၊ ၅၀,၀၀၁ ယူနစ်မှ ၂၀၀,၀၀၀ အထိ ကျပ် ၁၅၀၊ ၂၀၀,၀၀၁ မှ ၃၀၀,၀၀၀အထိ ၁၂၅ ကျပ်၊ သုံးသိန်းနှင့် အထက်အား ၁၀၀ ကျပ် အသီးသီး သတ်မှတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်သွားရန် စီစဉ် ခြင်း ဖြစ်သည်။

“ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ အိုင်အယ်လ်အိုနှင့် ဆက်သွယ်ဆောင်ရွက်သူများအဖွဲ့၊ အထက်မြန်မာ ပြည်တို့ပေါင်းပြီး ဆန္ဒထုတ်ဖော်ဖို့စီစဉ်သွားမယ်။ မီတာခနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဆန္ဒမဲကောက် ခံရာမှာ ကန့်ကွက်သူက ၁၈ မဲနဲ့ မကန့်ကွက်တဲ့သူမဲ ၅၀၀ ကျော်ဖြစ်တဲ့အထိ ကွာဟနေတဲ့အတွက် ပြည် သူကတင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ဘက်က ရပ်တည်မှုမရှိတာကြောင့် ဆန္ဒဖော်ထုတ်သွားဖို့ စီစဉ်တာဖြစ်ပါတယ်”ဟု အယ်လ်အိုနှင့် ဆက်သွယ်ဆောင်ရွက်သူများအဖွဲ့၊ အ ထက်မြန်မာပြည်မှ ကိုအေးသိန်းက ပြောသည်။

ဆန္ဒထုတ်ဖော်မှုကို ယင်းအဖွဲ့တို့ ပူးပေါင်းကာ မီတာခနှုန်းထားကို ပြည်သူများဆန္ဒအတိုင်း သတ်မှတ် ပေးရန် တောင်းဆိုသွားမည်ဖြစ်သည်။

No comments: