မင်းမင်း
မြန်မာအစိုးရသည် နိုင်ငံတကာသို့ ပေးဆပ်ရန်ကျန်နေသည့် ကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ကိုး ထောင်ငါးရာကျော် (၉၅၉၃ ဒသမ ၈၉၄) ကျန်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက် တာလင်းအောင်က ပြောဆိုလိုက်သည်။
အဆိုပါကြွေးကျန်များသည် မြန်မာအစိုးရက ပြည်ပနိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများဖြစ်သော IDA၊ ADB နှင့် OPEC တို့ထံ ပေးဆပ်ရမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံက ကြွေးမြီပေးဆပ်ရန် ကျန်ရှိသည့် နိုင်ငံအရေအတွက်နှင့် မည်မျှရှိနေသည်ကို သိလိုသည်ဟု မတ်လ ၂၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မယ်စဲ့မြို့နယ် ကိုယ်စား လှယ်က မေးခွန်းထုတ်မှုအပေါ် ဘဏ္ဍာရေးဒု-၀န်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် အဆိုပါ ပေးဆပ်ရန်ကျန်နေသည့် ကြွေးမြီများမှာ ၂၀၁၃နှစ်ကုန်ပိုင်းအထိဖြစ်ပြီး “နိုင်ငံတကာ ငွေလဲလှယ်နှုန်းအရ ပြောင်းလဲနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံတွင် တင်ရှိနေသည့် ပြည်တွင်း ပြည်ပ ကြွေးမြီပမာဏကို ပြည်ထောင်စုလွှတ်တော်က စောင့်ကြည့် ရန်နှင့် အများပြည်သူ သိရှိသုံးသပ်နိုင်ရန် နှစ်စဉ် ဘတ်ဂျက်တင်သွင်းစဉ် လက်ရှိကြွေးမြီပမာဏနှင့် လာ မည့်နှစ်နှစ်တွင် ရှိနိုင်မည့် ခန့်မှန်း ကြွေးမြီပမာဏများကို တစ်ပါတည်းဖော်ပြရန် ပြည်သူ့ငွေစာရင်း ပူး ပေါင်းကော်မတီက ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာ တွင် မှတ်ချက်ပြုခဲ့သည်။
မြန်မာအစိုးရက ကြွေးမြီပေးဆပ်ရမည့် နိုင်ငံပေါင်း ၁၆ ခုမှာ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဆာဗီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီ၊ ပြင်သစ်၊ ဖင်လန်၊ နယ်သာလန်၊ သြစတြီးယား၊ အင်္ဂ လန်၊ ကနေဒါ၊ အီတလီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဖြစ်သည်။
သမ္မတဦးသိန်းစိန် စတင်တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကြွေးမြီပေါင်း ၁၁ ဘီလီယံနီး ပါးရှိခဲ့ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံများသို့ တင်ရှိခြင်း ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် တင်ရှိနေသော အကြွေးများအတွက် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများနှင့် သွား ရောက်ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ကန်ဒေါ်လာ ခြောက်ဘီလီယံခန့် လျော့ပါးမှုပေးမည်ဟု ကတိရရှိခဲ့သည့် နည်းတူ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များမှ အကြွေးများ လျှော်ပစ်ရန် ဂျပန်နိုင်ငံမှ ချေးငွေများ ရယူ လုပ်ဆောင်ခဲ့သည်။
ပဲရစ်ကလပ်သည် ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများ စုစုပေါင်း ၁၉ နိုင်ငံရှိသည်။ ယင်းနိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နော်ဝေ၊ အီတ လီ၊ ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ကနေဒါ၊ သြစတြီးယား၊ စပိန်၊ ဘယ်လ်ဂျီယံ၊ သြစတီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ရုရှနှင့် အမေရိကန်နိုင်ငံများဖြစ်ကြောင်း အဖွဲ့၏ ၀က်ဘ်ဆိုက်၌ ဖော်ပြထား သည်။
ထို့အတူ နိုင်ငံတော်သမ္မတ၏ ဆင်းရဲမွဲတေမှုလျှော့ချရေး အစီအစဉ်အဖြစ် အသေးစားချေးငွေလုပ်ငန်းများ လုပ်ကိုင်ရန် သမ၀ါယမ၀န်ကြီးဌာနက တရုတ်နိုင်ငံမှ ဒေါ်လာသန်း ၁၀၀ ကို ချေးယူထားပြီး ကန်ဒေါ်လာ သန်း ၇၀၀ ချေးယူသွားရန် သဘောတူထားသည်ဟု ယမန်နှစ်က ပြည်ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် နာယကသူရဦးရွှေမန်းက ပြောခဲ့ဖူးသည်။
No comments:
Post a Comment