Wednesday, March 26, 2014

ဥက္ကံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ ၆၀၀ နီပါး လက်မှတ်ရေးထိုးထောက်ခံ

နန်းမြင့်

ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၂၅ ရက် နံနက် ၉ နာရီက ဥက္ကံမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး ပြည်သူ ၆ဝဝ ခန့် လက်မှတ်ရေးထိုး ထောက်ခံခဲ့သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသန်းထွဋ်က မဇ္ဈိမကိုပြောသည်။

ဥက္ကံတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉(စ)အလိုမရှိဟု လူအင်းအား ၃ဝဝ ကျော်ဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

ဦးသန်းထွဋ်က “ဆန္ဒဖော်ထုတ်ခြင်းက ပြည်သူကနေပြီး ၇၅ ရာခိုင်နှုန်းကျော်မှသာ ဥပဒေပြင်လို့ရမယ်ဆိုလို့ ပြည်သူက တင်မြောက်ထားတာ လွတ်တော်မှာ ၇၅ ရာခိုင်နှုန်းပဲရှိတယ်။ ၇၅ ရာခိုင်နှုန်းကျော်က တပ်ကပါမှ ပြင်လို့ရမှာ” ဟုပြောသည်။

ယင်းစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းကို ဥက္ကံပန်းခြံမှ စတင်ပြီး လမ်းချိုး၊ မင်္ဂလာ(၁)လမ်း၊ ဇေယျဝတီဘုံကျောင်းလမ်း၊ ဘုရားကြီးကျောင်းလမ်း၊ ကျောင်းလမ်း၊ ဝတ်ကျောင်းလမ်းမှ ဥက္ကံပန်းခြံအထိ ပြုလုပ်ခဲ့ပြီး ယင်းနေရာတွင် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ဟောပြောပွဲပြုလုပ်ခဲ့သည်။

“၂ဝဝ၈ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ ထောက်ခံတဲ့ ပြည်သူလက်မှတ် ၆ဝဝ နီးပါး ရတယ်။ အဲဒါတွေကို ၂ဝဝ၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုကော်မတီကို တင်သွားမယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉(စ)အလိုမရှိ ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်သံများနှင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မြန်မာနိုင်ငံအနှံအပြားတွင် ပြုလုပ်နေပြီး ယနေ့ထိ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် မတ်လ ၂၄ ရက်အထိ မြို့နယ်အသီးသီးတွင် ဆန္ဒဖော်ထုတ်မှု အကြိမ် ၂ဝ ကျော် ရှိခဲ့သည်။

No comments: