ABC
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က စစ်တပ်က သိမ်းဆည်းခဲ့တဲ့ မိကျောင်းကန် အပိုင်း ၁၊၂၊၃ က မူလ မြေပိုင်ရှင်တွေဟာ သူတို့ မြေပြန်လည် ရရှိဖို့အတွက် မနေ့တုန်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ပါတယ်။
၁၉၉၁ ခုနှစ် ဧပြီလကတည်းက စစ်တပ်က သိမ်းဆည်းခဲ့တာ ဖြစ်ပြီး အခုချိန်ထိ နစ်နာကြေးတွေ ပေးခဲ့တာ မရှိခဲ့တဲ့အပြင် လွှတ်တော် ကလည်း ဖြေရှင်းပေးမှု မရှိတာကြောင့် အခုလို သပိတ်စခန်းဖွင့် ဆန္ဒပြတာပါ။
အခုလို သပိတ် စခန်းဖွင့် တောင်းဆို တာဟာ တတိယ အကြိမ်တောင်း ဆိုတာဖြစ်ပြီး အခုချိန်ထိ လွှတ်တော် တွင်းဖြေရှင်းမှု တစ်စုံတရာ မရှိတဲ့ အတွက် တောင်း ဆိုရတာ ဖြစ်တဲ့ အကြောင်း ဦးဆောင် ဆန္ဒပြ သူဖြစ်တဲ့ မူလမြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိန်သန်းက အခုလို ပြောပါတယ်။
“လယ်ယာမြေနဲ့ တစ်ခြားမြေများ ပြည်သူများ မနစ်နာစေရန်ပေါနော့်။ သူတို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြစ်တဲ့ ဦးအောင်သိန်းလင်းတို့ ဦးခိုင်မောင်ရည်တို့ ပြည်သူကို ဗဟိုပြုထားပါတယ်ဆိုတဲ့ လွှတ်တော်ရဲ့ အမတ်တွေကိုယ်တိုင်က အရေးကြီး အဆိုတင်သွင်းပေမယ် အထူးအစီအစဉ်နဲ့ ဆိုပြီးတော့ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ မိကျောင်းကန်ပြည်သူတွေကို ခေါ်ပြီတော့ ကတိကဝတ်ခေါ်ပြုတယ်။ သပိတ်စခန်းမှာလည်း ကတိတွေခေါ်ပေးသွားတယ်။ ရုံးတွေမှာလည်း ပေးသွားတယ်။ သပိတ်စခန်းရုတ်သိမ်းပြီးတော့ ဦးတို့ မျှော်နေတဲ့ အချိန်ထိ စကားတွေဟာ လွှတ်တော်မှာ ဘယ်လို သတ်ရောက်နေလဲတော့ မသိဘူးပေါ့လေ။ အဲဒီလိုပေါ့နော်။ အရေးကြီး အဆိုတင်သွင်းမှု တစ်စုံတစ်ရာမှ မရှိဘူး။ ဦးတို့က လာတောင်းဆိုကြတာ။”
သပိတ်စခန်းဖွင့်လှစ်မှုကိုလည်း ငြိမ်းချမ်းစွာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ဘယ်အကြမ်းဖက်မှုမျိုးမဆို ငြိမ်းချမ်းစွာ ရင်ဆိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို စစ်တပ်က သိမ်းဆည်းခဲ့ပြီး မြေပိုင်ရှင် တစ်ချို့ကို နယ်စွန်နယ်ဖျားမှာ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် တစ်စုံတစ်ရာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ ထားပါတယ်။

No comments:
Post a Comment