Saturday, March 1, 2014

ထုတ်ကုန်သွင်းကုန်လိုင်စင်ကို နယ်စပ်လေးနေရာအတွက် ထုတ်ပေးမည်

မျိုးသန့်

မန္တလေးတိုင်းတွင် ကုန်သွယ်မှုများအတွက် ထုတ်ကုန်သွင်းကုန်လိုင်စင်ပေးခြင်းကို ပြည်ပနိုင်ငံများမပါ သေးဘဲ နယ်စပ်လေးနေရာအတွက်သာ ပေးအပ် သွားမည်ဖြစ်ကြောင်း မန္တလေး ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်းက ဖေဖော်ဝါရီ ၂၆ ရက် ၌ ပြောသည်။

နယ်စပ်ဂိတ်များဖြစ်သည့် တမူး၊ ချင်း၊ ရွှေဟော်၊ မူဆယ်၊ လွယ်ဂျယ် စသည့် နယ်မြေများကို ထုတ်ကုန် သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လိုင်စင်များ ချထားပေးမည်ဖြစ်သည်။

“လိုင်စင်ပေးဖို့အတွက် ရုံးဖွင့်ဖို့ ပြင်ဆင်နေပါပြီ။ ဧပြီလ ၁ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Border Trade(နယ်စပ်ကုန်သွယ်ရေး)ပဲ ပေးမှာဖြစ်ပါတယ်။ Over sea (ပြည်ပ)တော့ ပေးဖို့ အစီအစဉ်မရှိသေး ပါဘူး။ လိုင်စင်ပေးရာမှာလည်း နယ်စပ်လေးနေရာပဲ ပေးမှာဖြစ်ပါတယ်။ ဒီထက်ပိုမိုလိုအပ်လာရင် ဆက် လက်တိုးချဲ့သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လိုင်စင်များချထားပေးရာတွင် အွန်လိုင်းစနစ်ဖြင့် ချထားပေးမည်ဖြစ်သော်လည်း လက်ရှိအသုံးပြုမည့် အင်တာနက်လိုင်း အနေအထား အရ မေးလ်စနစ်ဖြင့် နေပြည်တော်သို့ ပေးပို့လုပ်ဆောင်သည့်စနစ် (Semi Online) ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အတွက် ကလုန်းဆာဗာ(Clone Server) တစ်ခုကို ဖွင့်လှစ်မည့်ရုံးအတွင်းတွင် ထားရှိမည်ဖြစ်သည်။

လိုင်စင်များကို နေ့ချင်းပြီးစနစ်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၀န်ထမ်းအင်အားကို တိုင်းအဆင့်ရှိ အရာရှိ တစ်ဦးအပါအ၀င် ၀န်ထမ်းငါးဦးဖြင့် လုပ်ဆောင်ပေးမည်ဖြစ်သည်။ နေ့ချင်းပြီးဟုဆိုသော်လည်း အနေ အထားပေါ်မူတည်ကာ လိုင်စင်ပေးရန် သင့်၊မသင့်ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် နေပြည်တော်သို့ ပို့ ဆောင်ပြီး လိုင်စင်ချထားမှု လုပ်ဆောင်ရပါက အချိန်အားဖြင့် အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။

လိုင်စင်ကို တစ်လ၊ သုံးလ ၊ ခြောက်လ အသီးသီးသတ်မှတ်ကာ ထုတ်ပေးသွားမည် ဖြစ်သည်။ ယခုကဲ့ သို့လုပ်ဆောင်ရခြင်းမှာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ထုတ်ကုန်၊ သွင်းကုန် လုပ်ငန်းလုပ်ဆောင်လိုသူများ၏ တောင်းဆိုမှုရှိသည့်အပြင် မန္တလေးတိုင်းမှာ ဒေသကြီးစက်မှု(Regional Industry) မြို့တော် ဖြစ်လာနိုင်သောကြောင့် ကုန်သွယ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်မှု တိုးတက်လာစေရန် ဖြစ်သည်။

No comments: