ABC
မြန်မာနိုင်ငံအနေနဲ့ မျိုးစောင့်ဥပဒေကြမ်းဟာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးနှိမ်ထားတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ ပယ်ဖျက်သင့်တယ်လို့ အမေရိကန် အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့ က ပြောဆိုလိုက်ပါတယ်။
မြန်မာ့ပါလီမန်မှာ ဆွေးနွေးနေကြတဲ့ မျိုးစောင့်ဥပဒေအရ ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ကို လက်ထပ်မယ်ဆိုရင် နဲ့ ခရစ်ယာန်အပါအ၀င် တခြား ဘာသာခြားတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်ပါတယ်။
အခုလို ခွဲခြားဆက်ဆံမှုကို အားပေးတဲ့ အရာမျိုးကို မြန်မာ မိသားစုဆိုင်ရာ ဥပဒေကြမ်းမှာ ထည့်သွင်းဖို့ ကြိုးစားတာဟာ အင်မတန် အံအားသင့်စရာ ကောင်းတယ်လို့ HRW ရဲ့ အာရှ ဒါရိုက်တာ ဘရတ် အာဒမ်စ် က ပြောပါတယ်။
ဒီဥပဒေသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် အမျိုးသမီးတွေဟာ မိမိတို့ နှစ်သက်ရာသူနဲ့ လက်ထပ်ခွင့်ကို ကန့်သတ်လိုက်သလို ဖြစ်တဲ့အပြင် ဘာသာရေး လွတ်လပ်ခွင့်နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်တယ်လို့ HRW ရဲ့ အာရှ ဒါရိုက်တာ ဘရတ် အာဒမ်စ် က သူရဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး မြန်မာ သမ္မတကပြောနေပေမယ့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားတွေနဲ့ သာ လက်ထပ်ခွင့်ရတော့မှာ ဖြစ်တယ်လို့ HRW က မြင်နေပါတယ်။
နောက်ပြီး သတို့သမီး မိဘတွေရဲ့ ခွင့်ပြုချက်ပါရမယ်ဆိုတဲ့ အချက်ကလည်း အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ကို အကြီးအကျယ် ထိခိုက်စေတဲ့ အကြောင်း လူအခွင့်အရေး အဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်ကြပြီး ၈၉% လောက်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြသလို ခရစ်ယာန်နဲ့ မွတ်ဆလင်တွေဟာ ၄% လောက်စီ ရှိတယ်လို့ ခန်းမှန်းကြပါတယ်။
မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ဒါဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment