Friday, March 21, 2014

နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပြုလိုပေမယ့် ဦးအောင်သောင်း၏ လွှတ်တော်ကော်မတီက အလျင်စလို မပြုသင့်ဟုဆို

ဝင်းကိုကိုလတ်၊ မင်းမင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ပြည်တွင်း၌ လုပ်ဆောင်ခွင့်ကို အဆင့်သုံးဆင့်ဖြင့် ခွင့်ပြုရန် စဉ်းစားနေသော်လည်း ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးအောင်သောင်းက အလျင်စလိုမပြုသင့်ဟု ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

ဦးအောင်သောင်းက “နိုင်ငံခြားဘဏ်တွေကို လုပ်တဲ့အခါမှာ မလုပ်ရဘူးမပြောပါဘူး။ သို့သော်လည်းပဲ အလျင်စလိုမလုပ်ဖို့ သတိပြုသင့်ပါတယ်။ မိမိဘက်က အဆင်သင့်ဖြစ်အောင်လုပ်ပါ”ဟု ဆိုသည်။

၎င်းက ပုဂ္ဂလိကဘဏ်များ၏ သဘောထားများကိုရယူကာ အကြေအလည်လုပ်ရန် လိုအပ်ပြီး လက်တွေ့တွင် အလုပ်လုပ်မည့်သူများမှာ ၎င်းတို့ဖြစ်ကြောင်း၊ ဗဟိုဘဏ်က နည်းလမ်းများ၊ နည်းပညာများ ကြပ် မတ်ရမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပုဂ္ဂလိကဘဏ်များ အကန့်အသတ်ရှိနေသည့် အတွက် နိုင်ငံခြားဘဏ်များကိုသာ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခွင့်ပေးပါက နိုင်ငံခြားဘဏ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများသာမက မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကိုပါ ချေးငွေပြီး ထောက်ပံ့သည့် အစီအစဉ်ဖြစ်လာနိုင်သည်ဟု ဆိုသည်။

၎င်းက “အဲဒီနိုင်ငံခြားဘဏ်တွေကို ဆောင်ရွက်ခွင့်ပေးဖို့ဆိုရင်တော့ ကျွန်တော်တို့ အရင်ကအစီအစဉ် အတိုင်းဆိုရင် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ပါမယ်။ နောက်တစ်ခါ Joint Venture ဖွင့်ခွင့်ပြုပါမယ်။ နောက်တစ်ခါ sub-sidiatory ဖွင့်ခွင့်ပြုပါမယ်။ နောက်တစ်ခါ ဘဏ်ခွဲတွေ ဖွင့်ခွင့်ပြုမယ်”ဟု ဗဟိုဘဏ်၏ နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပြုမည့်အစီအစဉ်ကို ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံဘဏ်များ၏ အကန့်အသတ်ရှိနေသည့်အချိန်တွင် အဆင့်လိုက် ပြုလုပ်နေပါက မြန်မာ နိုင်ငံကုမ္ပဏီများအနေဖြင့်လည်း ထောက်ပံ့မှုကို ကြာမှသာ ရရှိနိုင်မည့်ဖြစ်သည့်အတွက် နိုင်ငံခြားဘဏ် များ ဖွင့်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပြည်တွင်းမှာရှိသည့် ကုမ္ပဏီများ လည်း အကျိုးစီးပွား မြန်မြန်ခံစားရမည်ဟု ၎င်းက ဆိုသည်။ နိုင်ငံခြားဘဏ်များကို ခွင့်ပြုမည်ဆိုပါက လည်း အပြည်ပြည်ဆိုင်ရာက အကြံပေးကုမ္ပဏီများ၏အကြံ၊ ကမ္ဘာ့ဘဏ်က နည်းပညာအထောက်အကူ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအထောက်အကူများနှင့် မည်ကဲ့သို့ ကန့်သတ်ကာ မည်ကဲ့သို့ ဆောင်ရွက်ခွင့်ပြုမည့် အနေအထားကို မူများချမှတ်ပြီးသည့်အခါမှာသာ ဆောင်ရွက်ခွင့်ပေးမည်ဟု ၎င်း က ပြောသည်။

ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဦးက “ဒါတွေကိုလုပ်ပေးဖို့ အချိန်ယူစဉ်စားပြီးတော့ too protected (လွန်ကျူးစွာကာကွယ်ပေးမှု) ဖြစ်ပြီးတော့ rigid(တင်းကျပ်ပါက) ဖြစ်နေမယ်ဆိုရင် နိုင်ငံတ ကာဘဏ်များအနေနဲ့ လုပ်ချင်မှာမဟုတ်တဲ့အတွက် ၂၀၁၅ မတိုင်မီမှ ဆောင်ရွက်ကြဖို့လည်း အကြံပေး ကြပါတယ်”ဟု ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ၃၅ ခုခန့်မှ တာ ၀န်ရှိသူတချို့နှင့် တွေ့ဆုံစဉ် ပြောကြားချက်များကို ပြန်လည်ပြောပြသည်။

No comments: