Narinjara News
ယမန်နေ့က ရရှိသော သတင်းအရ ရခိုင်ပြည်နယ် ဘူးသီးထောင် အကျဉ်းထောင်မှ အကျဉ်းသား ၅၉ ဦးကို အာဏာပိုင်များက လွှတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
၅၉ ဦးထဲတွင် ၅၄ ဦးမှာ အမျိုးသားဖြစ်ပြီး ၅ ဦးမှာ အမျိုးသမီးများ ဖြစ်သည်ဟု ဘူးသီးတောင် မြို့ခံ တဦးက ပြောသည်။
"ကျွန်တော်တို့ မနေ့က ထောင်သားတွေ လွတ်ပေးမယ်ဆိုပြီး ထောင်ဗူးဝမှာ သွားစောင့်ပါတယ်။ မနေ့ညနေထိ တဦးယောက်မှ လွတ် ပေး တာ မရှိပါဘူး။ ထောင်အာဏာပိုင် တွက စုစုပေါင်း ၅၉ ဦးလွတ်ပေးမှာ ဖြစ်တယ်ဆိုပြီး ကျေညာ ပြောဆိုပါတယ်။"
ယမန်နေ့ ညနေ ၅ နာရီက ထောင်ထဲတွင် လွတ်ပေးမည့်သူများကို ထောင်အာဏာပိုင်များက အကြောင်းကြားခဲ့ပြီး သူတို့ကို ထောင်မှ လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
"ဒီနေ့ (စနေနေ့) နံနက် ၈ နာရီမှာ သူတို့ကို အာဏာပိုင်တွေက ထောင်ထဲက စတင်လွှတ်ပေးမယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါဝင်မလဲ ဆိုတာတော့ မသိရသေးပါဘူး။ နိုင်ငံ ရေးသမားတွေ ပါလာမလားဆိုပြီး လူတွေကတော့ စိတ်ဝင်တစား ရှိကြပါတယ်" ဟု ပြောသည်။
ဘူးသီးတောင်ထောင်ထဲတွင် ဦးအိသရိယ၊ ကိုဌေးကြွယ်၊ ဦးခင်လှ (တောင်ကုတ် NLD ဒုဥက္ကဌ)၊ ကိုမိုးနေစိုး၊ မနီနီမေမြှင့်၊ ကိုမောင်မောင်သက် အစရှိသည့် နိုင်ငရေး သမား ၂၁ ဦးရှိသည်ဟု သိရသည်။
နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးမှ "နာမည်ကြီးတဲ့ နိုင်ငံရေးသမားတွေ တဦးမှ မလွတ်ဘူးလို့ သိရပါတယ်။ ဒီနေ့တော့ ဘယ်သူတွေ ပါမပါ တိတိကျကျ သိရမှာ ဖြစ်ပါတယ်" ဟု ပြောသည်။
No comments:
Post a Comment