Tuesday, January 4, 2011

ဘုန်းကြီးနှင့် တပ်မိသားစု လျှပ်စစ်မီးအတွက် လူထုအား လုပ်အားပေးခေါ်ယူ

khonumthung

ချင်းပြည်နယ်မတူပီမြို့နယ်၊ ဗန်ကိုင် ရွာတွင် ကျောင်းထိုင်နေသော ဗုဒ္ဒဘုန်းကြိးနှင့် လုံခြုံရေး အတွက် တာဝန်ချထားသော
တပ်မတော်မိသားစု (3) စု အတွက် အာဏာပိုင်တွေက လျှပ်စစ်မီးထွန်းပေးရန်အတွက် လူထု အား လုပ်အားပေးခေါ်ယူသည်ဟု ကြားသိရသည်။

ဗန်ကိုင်ကျေးရွာနှင့် စံတပ်ကျေးရွာကြားရှိ ပါတားချောင်းမှ တဆင့် လျှပ်စစ်မီးကို သွယ်ယူရမှာဖြစ်ပြီး လိုအပ် သည့် အသုံးအဆောင်ပစ္စည်းများကို
ဗန်ကိုင်ကျေးရွာမှ ၂၅ မိုင်ခန့်ဝေးသော မတူပီမြို့သို့ လုပ်အားဖြင့် ထမ်း ခိုင်းခြင်းဖြစ်ကြောင်း ပါဝင်သူ ဒေသခံတဦးက ပြောသည်။

“တအိမ်တယောက်နှုန်းနဲ့ မတူပီမြို့ကို စက်သယ်ခိုင်းတယ်၊ ဘိလပ်မြေလည်းထမ်းခိုင်းတယ်၊ ပြီးခဲ့တဲ့ဒီဇင်ဘာ တလလုံးနီးပါးပါပဲ၊
စက်တပ်ဆင်ဘို့ ဆိုပြီး အနက် ပေ ၂၀ ခန့်မြေကြီးကိုလည်း တူးခိုင်းတယ်” ဟု ပြော သည်။

အဆိုပါ မီးရရှိရေးကို မတူပီမြို့ အခြေစိုက် စစ်တပ်တွေက တာဝန်ယူထားခြင်းဖြစ်ကြောင်း ကြားသိရသည်။

ချင်းပြည်နယ်တွင် ယခုလိုမျိုး လျှပ်စစ်မီးထွန်းရန် ချောင်းရေပေါများလှသော်လည်း ဘုန်းကြီးနှင့် တပ်မတော် သားများရှိရာ
ကျေးရွာကို ရွေးပြီး လျှပ်စစ်မီးတွေ တပ်ဆပ်ပေးခြင်းအပေါ် ပြည်သူတွေ ဝေဖန်ပြောဆို နေကြ သည်။

“ဘာသာရေးခွဲခြားမှုလို့ပြောယင်လွန်ရာကျမလားပဲ၊ လုပ်အားလည်းပေးရသေးတယ် “ဟုဒေသခံတဦးက ပြော သည်။

ချင်းပြည်သူများသည် မိမိတို့ သားသမီးများ စာကြည့်နိုင်ရေးအတွက် လျှပ်စစ်မီးများကို စစ်အစိုးရ စရိတ် စခမယူပဲ ကိုယ်ထူကိုယ်ထဖြင့်သာထွန်းညှိကြကြောင်း အိန္ဒိယ – မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ နယ်ခွဲ၊ ဇိုးခေါ်ထားရ်ဒေသခံများသည် တဖက် မီဇိုရမ်ပြည်နယ်မှ လျှပ်စစ်မီးများကို သွယ်ယူကြသည်။

No comments: