Thursday, January 13, 2011

နှစ်ပေါင်း ၅ ကျိပ်ကျော် ဗမာနှင့်တိုင်းရင်းသား မိတ်ဆွေကောင်းမဖြစ်မှု ကန်ကိုယ်စားလှယ်စိတ်ဝင်စား

သျှမ်းသံတော်ဆင့်

ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ရေးဆိုင်ရာကော်မတီ အရာရှိ Mr. Paul Grove နှင့်တိုင်းရင်းသားအဖွဲ့အစည်းများ တမြန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ရာ ဗမာနှင့် တိုင်းရင်းသား မိတ်ဆွေကောင်း မဖြစ်ရတဲ့ ဆွေးနွေးချက်အပေါ် Mr. Paul Grove က အထူးစိတ်ဝင်စားကြောင်း သိရှိရပါသည်။

“ကျနော်တို့ တိုင်းရင်းသား ၆ ဖွဲ့က Mr. Paul Grove ကို ရန်ကုန် US ဌာနေ ကိုယ်စားလှယ် နေအိမ်မှာ အတူသွား တွေ့တယ်။ ကျနော်တို့ SNLD အတွင်းရေးများဖွဲ့ထဲက တယောက်သွားတယ်။ ဗမာ နဲ့ တခြားတိုင်းရင်းတွေ နှစ် ပေါင်း ၅၀ ကျော်အထိ မိတ်ဆွေကောင်းတွေမဖြစ်။ ယုံကြည်မှု မတည်ဆောက်နိုင်တာဘာကြောင့်လဲ- ဆိုတဲ့ကိစ္စ သူအရမ်းစိတ်ဝင် စားတယ်” - ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေကရေစီအဖွဲ့ချုပ်က ဗမာနှင့်တိုင်းရင်းသားကြား နှစ်ပေါင်း ၅၀ ကျော်သည့်တိုင် မိတ် ဆွေကောင်းမဖြစ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်း၊ ချင်းအဖွဲ့က ကြွက်နှင့် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ၊ကချင်အဖွဲ့ မှာမူ အပစ်ရပ်နှင့်လက်နက်ကိုင်တိုင်ဆိုက်နေဆဲ ကချင်အဖွဲ့ ၀င်ထွက်ဆက်ဆံမှုရှိအောင်ကြိုးပမ်းမှုအခြေ အနေ၊ ရခိုင်ကလည်းဂီရိမုန်တိုင်းနောက်ဆက်တွဲ လူမှုစားဝတ်နေရေးပြဿနာ တို့ကို ဆွေးနွေးတင်ပြသွားကြသည် ဟု ဆိုပါသည်။

“ဘာဖြစ်လို့ မိတ်ဆွေကောင်းတွေမဖြစ်ခဲ့တာလဲ ဆိုတဲ့ကိစ္စက ဗမာတမျိုးသားလုံးနဲ့ တိုင်းရင်းသားတွေမတည့်တာ မဟုတ်ဘူး။ အာဏာဆုပ်ကိုင်ထားလိုတဲ့ ဗမာစစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားဖြစ်နေတဲ့ ပြသနာဘဲ။ အဲသလိုဖြစ်အောင်လဲ စစ်အာဏာရှင်ကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြားထွက်ပေါ်လာအောင်ဖန်တီးထား တာဖြစ်တယ်” - ဟု ဆက်၍ ပြောပြပါသည်။

ပြည်ထောင်စုတခုလုံးတွင် လူဦးရေအားဖြင့် ဗမာလူမျိုးက က ၆၀% တခြားဗမာမဟုတ်သည့်လူမျိုးက ၄၀ % ၊ နယ် မြေပိုင်ဆိုင်မှုမှာ့ ဗမာပြည်က ၄၀% တခြားတိုင်းရင်းသားနယ်မြေက ၆၀% ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု မတည် ဆောက်ခြင်းအကြောင်းရင်းကလည်း နအဖ စစ်အုပ်စုကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုး ပေါ်ထွက် လာစေရန် တမင်မွေးထုတ်ထားကြောင်း၊ ဥပမာ - ၁၉၉၆ မုန်တိုင်းတပ်မတော် ( Mong Tai Army) လက်ချ အလင်း ၀င်ပြီးနောက် သျှမ်းပြည်အတွင်း၌ပင်လက်နက်ကိုင်အဖွဲ့အစည်း ၂၀ ဖွဲ့မက ပေါ်ပေါက်လာအောင် ပြန်လည်မွေး ထုတ်ထားခြင်းကိုကြည့်ခြင်းဖြင့်သိနိုင်သည် ဟု ဆိုသည်။

“အာဏာရ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပြဿနာအကြီးအကျယ်ဖြစ်နေတာကို အမေ ရိကန်အစိုးရအနေနဲ့ သိရှိနားလည်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်လာဖို့တိုက်တွန်းရမယ်။ သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗမာလူထုကို ဖက်ဒရယ်ပြည်ထောင်စုမူအကြောင်း သိရှိနားလည် အောင် ရှင်းပြရမယ်။ ကျနော်တို့သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားတိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်း တွေလဲ တိုင်းရင်းသားပြည်သူတွေကို ဒီမိုကရေစီအကြောင်းဖက်ဒရယ်မူအကြောင်းနားလည်လာဖို့ စည်းရုံးဟောပြော မယ်၊ တိုင်းရင်းသား နဲ့ ဗမာ လူထုတွေ ဖက်ဒရယ်မူအကြောင်း ဂဃနဏ သိမှ စည်းလုံးညီညွတ်မှု ယုံကြည်မှုတည်ဆောက်နိုင် မယ်။ အဲဒါမှ စစ်အုပ်စုကို စည်းရုံးနိုင်မယ်။ ဗမာစစ်အုပ်စု သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်လာဖို့ US အစိုးရအနေနဲ့ ဘယ်လိုဖိအားပေးတိုက်တွန်းဖြောင်းဖြပေးနိုင်မလဲ”- စသဖြင့် အသေး စိတ်ရှင်းပြခဲ့ကြောင်း စိုင်းလိတ် က ပြောပြပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အမျိုးသားရေးလှုပ်ရှားနေသူ မျိုးချစ်ပုဂ္ဂိုလ်တဦးက -“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောတဲ့ ၂၁ ရာစုပင်လုံညီလာခံတောင်မှ အကောင်အထည်ဖော်ဖို့ လွယ်မှာမဟုတ်ဘူး။ အကောင်အထည်ဖော် ဖိုမပြောနဲ့ စကားအဖြစ်ပြောတာတောင် စစ်အစိုးရက တော်တော်လေးခံပြင်းနေပြီ။ ဖက်ဒရယ်ဆိုတဲ့စကားလုံးတောင် မှ သူမ မပြောဖူးတာ သတိထားမိတယ်။ ၂၀၀၃ တုန်းကလိုလဲ ဟိုဟိုဒီဒီ မသွားရဲသေးဘူး။ ဒါပေမယ့် အခုလောလေ ဆယ် နအဖဟာ အစိုးရသစ်ဖွဲ့စည်းရေးကိုသာ အဓိကဦးစားပေးလုပ်နေသေးလို့ တခြားဟာကို သူခဏလစ်လျူရှု ထား တာဘဲဖြစ်တယ်။ အစိုးရသစ်ပေါ်လာလို့ ဥပဒေသစ် ရှိလာမှ ဆက်လက်ကိုင်တွယ်သွားမှာလဲဖြစ်နိုင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

ဂျန္န၀ါရီ ၁၁ ရက် က ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ရေးဆိုင်ရာကော်မတီ အရာရှိ Mr. Paul Grove ကို တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်သဟာယ(ဦးထွန်းလှိုင်)၊ ၂၀၁၀ ချင်းအမျိုးသားပါတီ (ဥက္ကဌ ကာတွန်းဆရာကျော်ဇံ)၊ ကရင်ပါတီ (ဒေါက်တာ စောဆိုင်မွန်သာ)၊ ရိုဟင်ဂျာ (မစ္စတာယူနွတ်စ်) နှင့် ကချင် (ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ သိက္ခာတော်ရဆရာတော် ဆဘွဲဂျွမ် ) တို့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

No comments: