Tuesday, August 23, 2011

ပူး​ပေါင်း​ဆောင်ရွက်​ရေး​ လုပ်ငန်း​စဉ် စတင်ပြီဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောကြား

အံ့ဘုန်းမြတ်

နိုင်ငံနဲ့​ ပြည်သူ လူထု အကျိုး​ အတွက် လက်ရှိ အစိုး​ရနဲ့​ နှစ်ဘက် ပူး​ပေါင်း​ ဆောင်ရွက် နိုင်မယ့်​ လုပ်ငန်း​စဉ် စတင်ပြီလို့​ အမျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စု ကြည်က ​ပြောကြား​ လိုက်ပါတယ်။

ဒီ​နေ့​ ကျင်း​ပတဲ့​ အဖွဲ့​ချုပ် ဗဟို အလုပ် အမှု​ဆောင် အစည်း ​အ​ဝေး​မှာ ခုလို​ ပြောကြား​ တာလို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား ​ရေး​အ ဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“သူ့​မှတ်ချက်က အား​ရ​ ကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့​ ပြည်သူ လူထု အကျိုး​ အတွက် ဆက်လက်ပြီး​တော့​ ပူး​ပေါင်း​ ဆောင်ရွက် နိုင်မယ့်​ လုပ်ငန်း​ စဉ်တခု စပြီလို့​ သူ့​အ​နေနဲ့​ ယုံကြည် တယ်လို့​ သူ​ပြော ပါတယ်။ အ​သေး​စိတ် ​ဆွေး​နွေး​ တဲ့​အချက်​တွေ​တော့​ ခုချိန်မှာ မ​ပြောနိုင်​သေး​ဘူး​ခင်ဗျ။”

ဒေါ်​အောင်ဆန်း ​စုကြည်ဟာ ပြီး​ခဲ့​ ရက်ပိုင်း ​အတွင်း​ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံ​ဆွေး​ ​နွေး​ခဲ့​ သလို စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ တိုး​တက်မှု ပြုပြင်​ပြောင်း​လဲမှု ဆိုင်ရာ အမျိုး​သား​ အဆင့်​ အလုပ် ရုံ​ဆွေး​နွေး​ပွဲ တက်​ရောက် ခဲ့​ပြီး​နောက် ခုလို ထုတ်​ဖော်​ ပြောကြား ​လာတာ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​တော်သမ္မတ ​တွေ့​ဆုံ​ဆွေး​နွေး​မှု၊​ စီး​ပွား​ရေး​အလုပ်ရုံ ​ဆွေး​နွေး​ပွဲ တက်​ရောက်ပြီး​ ပြည်​ထောင်စုဝန်ကြီး​တွေ၊​ ပညာရှင်​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ မှု​တွေ ပြုလုပ်ခဲ့​တာကို ကြိုဆို​ထောက်ခံ​ကြောင်း​ ဒီ​နေ့​ထုတ်ပြန်တဲ့​ အဖွဲ့​ချုပ် ​ကြေညာချက် မှာ ​ဖော်ပြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ နှစ်ကြိမ် ​တွေ့​ဆုံခဲ့​ဖူး​ပြီး​ ပြည်သူတရပ်လုံး​ရဲ့​ လိုအပ်ချက်ဆန္ဒအတိုင်း​ ဖြည့်​ဆည်း​ပေး​တဲ့​ အ​နေနဲ့​ တိုင်း​ပြည် တည်ငြိမ်​အေး​ချမ်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အစိုး​ရနဲ့​ နှစ်ဖက်လက်တွဲ ​ဆောင်ရွက်သွား​ဖို့​ သ​ဘောတူညီခဲ့​ကြပါတယ်။

No comments: